ပြည်တွင်းရေးကို ဝင်စွက်စရာမလိုကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူဆို


2013.04.18
police-zekon-305 ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့တွင် မတ်လ ၂၇ ရက်နေ့က အဓိကရုဏ်းတွေဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်မှလုံခြုံရေးယူထားတာကိုတွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်ပြင်ပအဖွဲ့အစည်းကမှ လာရောက် စုံစမ်းစစ်ဆေးစရာမလိုကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က မနေ့ကပြောလိုက်ပါတယ်။

OIC ခေါ်  အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူးချုပ်က မြန်မာအစိုးရဟာ  ဗုဒ္ဓဘာသာဝင်တွေနဲ့ လူနည်းစုမူဆလင် အသိုင်းအဝိုင်းကြားဖြစ်ပွားခဲ့တဲ့  ပြဿနာ အပေါ် ကောင်းကောင်းမွန်မွန် မကိုင်တွယ်ခဲ့ကြောင်း  တနင်္ဂနွေနေ့က ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး  သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က အမျိုးသားလုံခြုံရေးဟာ  ပြည်တွင်းရေး ကိစ္စဖြစ်တဲ့အကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်း တစ်ခုဟာ ဘယ်နည်းနဲ့မှ  ပြည်တွင်းရေးကို ဝင်စွက်စရာအကြောင်းမရှိဘူးဆိုတာ ယုံကြည်ကြောင်း  ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီသတင်းဌာနကို ပြောကြား ခဲ့ပါတယ်။

OIC အနေနဲ့ မြန်မာပြည်ကို ကိုယ်စားလှယ်အဖွဲ့စေလွှတ်ဖို့ တရားဝင်ပန်ကြားခဲ့တာမျိုးလည်းမရှိဘူးလို့ ဦးရဲထွဋ်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။