မြန်မာက ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း တရုတ်နိုင်ငံရဲ့ စီးပွားရေးကို မြှင့်တင်နိုင်
2013.04.20
မြန်မာနိုင်ငံက ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းဟာ တရုတ်နိုင်ငံရဲ့ ဒေသတွင်းစီးပွားရေးကို မြှင့်တင်နိုင်လိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုလိုက်ပါတယ်။
ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို ခေတ်မီနည်းစနစ်တွေအတိုင်း ဆက်လက်တည်ဆောက်နေပြီး၊ ဒေသတွင်းလုပ်ထုံးလုပ်နည်း ဥပဒေတွေနဲ့အညီ ဆောင်ရွက်နေတယ်၊ စီမံကိန်းဟာ ချောချောမွေ့မွေ့နဲ့ အောင်မြင်သွားဖို့ မျှော်လင့်ထားတယ်လို့ အဲဒီပုဂ္ဂိုလ်ကပြောပါတယ်။
ဒါ့အပြင် သူက တရုတ်နဲ့ မြန်မာဟာ နှစ်နိုင်ငံအကျိူးတူ ကုန်သွယ်ရေးနဲ့ စီးပွားရေးမှာ ဆက်ပြီးပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။