သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-10-23
ကျောက်စိမ်းအတွဲပေါင်း ၂၉၀၀ ကျော်ပါဝင်တဲ့ မန္တလေးမြို့ရဲ့ ပထမဆုံး ကျောက်မျက်ရတနာအရောင်းပြပွဲကို မန္တလေမြို့ MCC ခန်းမမှာ ဒီကနေ့ကနေ စတင်ပြီး ခုနှစ်ရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။
2019-10-23
သီလဝါ အထူးစီးပွားရေးဇုန်နားတဝိုက် မြေသိမ်းမှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း မြေစစ်ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးဖို့ လယ်သမား ၅၀၀ ဝန်းကျင်က ဒီနေ့ ကျောက်တန်းမြို့ပေါ်မှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2019-10-23
ချင်းပြည်နယ် ပလက်ဝမြို့နယ်တဝိုက်မှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့မြေပြင်အတွင်း ပလက်ဝမြို့နယ် မီးဇာကျေးရွာက ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်သူတွေကို တပ်မတော်က အခကြေးငွေပေးကာ ဆန်နဲ့ စားနပ်ရိက္ခာတွေကို ထမ်းခိုင်းနေပါတယ်။
2019-10-22
စစ်အစိုးရက အာဏာအပြည့်အဝယူမထားတော့တဲ့ နိုင်ငံရေးစနစ်ကို မြန်မာပြည်မှာ တစထက်တစ ပြောင်းလဲနေပြီး၊ နိုင်ငံရေးအကျဉ်းသားတွေလဲ အရင်လို ထောင်နဲ့ချီမရှိတော့ အခြေအနေကိုမြင်နေရပါတယ်။ ဒါပေမယ့် နိုင်ငံရေးအရ တရားစွဲခံနေရတာတွေ၊ ထောင်ချခံနေရတာတွေလည်း ရှိနေသေးတာ အထင်အရှားဖြစ်ပါတယ်။
2019-10-22
ရန်ကုန်တိုင်းအတွင်း တရုတ်လုပ်ငန်းရှင်တွေ အဓိက လုပ်ကိုင်နေတဲ့ စက်ရုံငါးခုမှာ ဥပဒေပါ အလုပ်သမား အခွင့်အရေး ချိုးဖောက်နေတာတွေကို တင်ပြဖို့အတွက် ရန်ကုန်တိုင်း အစိုးရအဖွဲ့ ရုံးရှေ့မှာ အလုပ်သမားတွေ သွားရောက် စောင့်ဆိုင်းခဲ့ကြပါတယ်။
2019-10-22
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ခံကိုယ်စားလှယ်လောင်းတွေထဲ အမျိုးသမီး ၃၀ ရာခိုင်နှုန်းနဲ့ လူငယ် ၃၀ ရာခိုင်နှုန်း ပါဝင်ဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက မူဝါဒချမှတ်ထားပါတယ်။
2019-10-22
ရခိုင်ပြည်နယ်က မြို့နယ် သုံးမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း တပ်မတော်နဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ များပြားခဲတယ်လို့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့က သတင်းထုတ်ပြန်ထားပါတယ်။
2019-10-22
ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မွန်ပြည်သစ်ပါတီတို့ရဲ့ တပ်တွေ ထိပ်တိုက် ထပ်မတွေ့ရေးအတွက် နှစ်ဘက်တပ်ရင်းမှူးတွေနဲ့ မြို့နယ် ဥက္ကဋ္ဌတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့တဲ့ မွန်ကရင်နယ်စပ်ကို ဒီနေ့သွားရောက်လေ့လာပြီး တွေ့ဆုံဆွေးနွေးနေပါတယ်။
2019-10-22
ရန်ကုန်တိုင်းအတွင်း တရုတ်လုပ်ငန်းရှင်တွေ အဓိက လုပ်ကိုင်နေတဲ့ စက်ရုံငါးခုမှာ ဥပဒေပါ အလုပ်သမား အခွင့်အရေး ချိုးဖောက်နေတာတွေ၊ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေကို အလုပ်ထုတ်ပယ်နေတာတွေကို တင်ပြဖို့အတွက် ရန်ကုန်တိုင်း အစိုးရအဖွဲ့ ရုံးရှေ့မှာ အလုပ်သမားတွေ သွားရောက် စောင့်ဆိုင်းခဲ့ကြပါတယ်။
2019-10-21
လားရှိုးမြို့အနီးမှာ သီတင်းသုံးတဲ့ ခေးနင်းဆရာတော်ကို သေနတ်သမားနှစ်ဦးက လုပ်ကြံတဲ့ သတင်းကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ အခုနှစ်ပိုင်းတွေအတွင်း ရှမ်းပြည်မြောက်ပိုင်းမှာ ဆရာတော်တွေလုပ်ကြံခံရတာ ဒုတိယအကြိမ်ဖြစ်နေတာမို့ ဒေသခံတွေ ပိုပြီး မလုံမခြုံခံစားနေရပါတယ်။
2019-10-21
မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော် အနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အရေးယူမှုတွေကို အမြန်ဆုံး လိုက်နာဆောင်ရွက်ပါလို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အဘေးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းလိုက်ပါတယ်။
2019-10-21
ဗစ်တိုးရီးယားအမှုမှာ Wisdom Hill မူကြိုကျောင်းက ကျောင်းအုပ်ချုပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ဦးကို သက်သေအဖြစ်ကနေ ပယ်ဖျက်ပေးဖို့ ဒက္ခိဏခရိုင် ဥပဒေရုံးကို အသနားခံစာ တင်ထားတယ်လို့ အောင်ကြီးရဲ့ရှေ့နေ ဒေါ်စုဒါလီအောင်ရဲ့ ဒီနေ့ တရားခွင်အတွင်း ပြန်လှန် စစ်မေးမြန်းချက်တွေအရ သိရပါတယ်။
2019-10-21
လားရှိုးမြို့အခြေစိုက် ကက်သလစ် သာသနာပိုင်အဖြစ် အီတလီနိုင်ငံ ဗာတီကန်နန်းတော်က ရွေးချယ်လိုက်တဲ့ ပြင်ဦးလွင်မြို့က ဆရာတော် လူးကပ်စ်ဟာ "ဝ" ဒေသမှာ တာဝန်ကျခဲ့ဖူးသူ ဖြစ်ပါတယ်။
2019-10-21
လားရှိုးမြို့ကနေ ၁၂ မိုင်လောက်ကွာဝေးတဲ့ ခေးနင်းကျေးရွာ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ဟာ မနေ့ညက သေနတ်သမား နှစ်ယောက်ရဲ့ ပစ်ခတ်လုပ်ကြံမှုကြောင့် ပျံလွန်တော်မူခဲ့ပါတယ်။
2019-10-21
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်အရေအတွက် တစ်သန်းနီးပါးကို ဘင်္ဂလားပင်လယ်အော်အတွင်း က ကျွန်းတစ်ကျွန်းပေါ် ပို့ဆောင်မယ့် အစိုးရရဲ့အစီအစဉ်အပေါ် ဒုက္ခသည်တချို့က လက်ခံခဲ့ကြတယ်လို့ သိရပါတယ်။