သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-01-10
မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီမှာ အပြစ်မရှိဘဲ ပြစ်ဒဏ်ချမှတ်ခံရတာကို လက်မခံနိုင်ကြောင်းနဲ့ သူ့ကို အမြန်ဆုံး ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ မြန်မာသတင်းမီဒီယာသမားတွေနဲ့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က တောင်းဆိုလိုက်ပါတယ်။
2024-01-10
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က အပြီးတိုင်သိမ်းယူလိုက်ပြီလို့ ကြေညာထားတဲ့ လောက်ကိုင်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ မကြာခဏလာရောက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ MNDAA ရဲ့ သတင်းမီဒီယာဖြစ်တဲ့ The Kokang က ဇန်နဝါရီလ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2024-01-10
မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ရှင်ဒေဝီကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီက ရန်ကုန်မှာ စစ်ခုံရုံးကနေ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ပြီး အင်းစိန်ထောင်ကို ပို့ဆောင်ထားပါတယ်။
2024-01-10
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသ ဆင်ဦးကင်းတောင်မှာ တည်ထားတဲ့ ဘုရားစေတီတစ်ဆူကို MNDAA တပ်ဖွဲ့ဝင်တစ်ဦးက ဖျက်ဆီးနေတဲ့ ရုပ်သံဖိုင်ထွက်လာတာကို ထောက်ပြပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီ ၁၀ ရက်နေ့မှာ စွပ်စွဲပြောဆိုလိုက်တာ ဖြစ်ပါတယ်။
2024-01-10
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Alounkeo Kittikhoun နဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ ဇန်နဝါရီ ၁၀ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2024-01-10
မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ရှင်ဒေဝီကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ နှစ်ခုနဲ့ အင်းစိန်ထောင်တွင်း တရားရုံးက ဇန်နဝါရီ ၁၀ ရက်ဒီနေ့မှာ ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပါတယ်။
2024-01-10
မြို့နယ်ထွေအုပ် ဒုဦးစီးမှူး ဦးအောင်ကိုကိုအပါအဝင် ဒေသခံ နှစ်ဆယ်ကျော်ကို ထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့နဲ့ အမှုဖွင့်လိုက်တာလို့ ဆိုပါတယ်။
2024-01-10
စစ်ကောင်စီက နိုင်ငံတစ်ဝန်း စစ်ရှုံးနေချိန်မှာ လုံခြုံရေးနဲ့ သတင်းအချက်အလက်စုဆောင်းဖို့ စစ်တပ်နဲ့ရဲကို အသုံးပြုဖို့ အခက်အခဲရှိလာပြီး ထောက်လှမ်းရေး သတင်းအချက်အလက်စနစ်နဲ့ လုံခြုံရေးစနစ်တွေကို ကြိုတင် ပြင်ဆင်လာတာလို့ သူကပြောပါတယ်။
2024-01-10
လောက်ကိုင်မြို့နယ်၊ ဆီအောရွာကစေတီတစ်ခုကို MNDAA တပ်ဖွဲ့ဝင်တစ်ဦးက ဖျက်ဆီးခဲ့တဲ့အပေါ် ကန့်ကွက်ကြောင်း ဇန်နဝါရီ ၁၀ ရက်နေ့မှာ ရဟန်းသံဃာတချို့နဲ့ စစ်ကောင်စီတပ်ကို ထောက်ခံသူတွေ ရန်ကုန်နဲ့ မန္တလေးမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2024-01-10
၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ရှမ်းမြောက်ဒေသက စစ်ကောင်စီ တပ်စခန်းတွေနဲ့ မြို့ကြီးအချို့ကို သိမ်းယူဖို့ ကျန်နေသေးတယ်လို့ မြောက်ပိုင်းညီနောင် သုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
2024-01-10
ဇန်နဝါရီ ၄ ရက်က စစ်ကောင်စီလွတ်ငြိမ်းနဲ့ ပြန်လွတ်ခဲ့တဲ့ NLD ရဲ့ ပဲခူးတိုင်း၊ သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ဟာ မတရားအသင်း ဆက်သွယ်မှုနဲ့ ထပ်ဖမ်းခံရပြီး တရားစွဲခံထားရပါတယ်။
2024-01-10
လောင်းလုံးမြို့နယ်က ရွာတွေကို စစ်ကောင်စီ တပ်စစ်ကြောင်းက ဝင်ရောက် မီးရှို့ခဲ့တာကြောင့် နှစ်ပတ်အတွင်း ရွာဆယ်ရွာက နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံနှစ်ဦး သေဆုံးခဲ့ပါတယ်။
2024-01-10
စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာ၊ အင်းတော်၊ ကန့်ဘလူ၊ ထီးချိုင့်မြို့နယ်တွေမှာ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ နှစ်ဆန်းအထိ နှစ်နှစ်အတွင်း သေဆုံးရတဲ့အရပ်သား လေးရာနီးပါး ရှိခဲ့ပါတယ်။
2024-01-10
ကျောက်တော်မြို့နယ် အပေါက်ဝရွာမှာ ဇန်နဝါရီလ ၁၀ ရက် မနက်ပိုင်းက စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ပါတယ်။
2024-01-10
ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာ ဇန်နဝါရီ ၁၀ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ပါ ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။