မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ရှင်ဒေဝီ ထောင်တစ်သက် ချမှတ်ခံရ

RFA Burmese
2024.01.10
မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ရှင်ဒေဝီ ထောင်တစ်သက် ချမှတ်ခံရ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနှစ်ခုနှင့် အင်းစိန်ထောင်တွင်း တရားရုံးမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ထောင်ဒဏ်တစ်သက် ချမှတ်ခံရသည့် မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ရှင်ဒေဝီ။
Mg Ko Oo - Facebook

မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ရှင်ဒေဝီကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ နှစ်ခုနဲ့ အင်းစိန်ထောင်တွင်း တရားရုံးက ဇန်နဝါရီ ၁၀ ရက်ဒီနေ့မှာ ထောင်ဒဏ်တစ်သက် ချမှတ်လိုက်တယ်လို့ မိသားစုဝင်တစ်ဦးက RFA ကို အတည်ပြုပါတယ်။

အသက် ၅၀ အရွယ် မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ရှင်ဒေဝီဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာ အွန်လိုင်းက မှာယူထားတဲ့ ပစ္စည်းတစ်ခု သွားယူချိန် စစ်ကောင်စီ တပ်သားတွေ ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။

ရှင်ဒေဝီကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၂ (က) နဲ့ စွဲဆိုထားပြီး၊ အခု အမိန့်ချရာမှာ ပုဒ်မ ၅၀ (ည) နဲ့ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်တာလို့ ခင်ပွန်းဖြစ်သူကိုဦးက RFA ကိုပြောပါတယ်။

ရာဇဝတ်မှု ကျူးလွန်တာမရှိဘဲ အခုလို ပြင်းထန်တဲ့ ပြစ်ဒဏ် ချမှတ်ခံရတာကို ဝမ်းနည်းမိတယ်လို့ ရှင်ဒေဝီရဲ့ မောင်ဖြစ်သူ ကိုမြင့်သူက ပြောပါတယ်။ အစ်မဖြစ်သူ ပြစ်ဒဏ်က အမြန်ဆုံး ပြန်လည် လွတ်မြောက်လာဖို့ မျှော်လင့်မိတယ်လို့လည်း ကိုမြင့်သူက ဆိုပါတယ်။

ရှင်ဒေဝီဟာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ မှတ်တမ်း ရုပ်ရှင်ဆုတွေ ရရှိထားသူ ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းပြီးချိန်ကစပြီး အရပ်သား (၁၉,၉၀၅) ဦး ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

(မှတ်ချက်။ ရှင်ဒေဝီကို ပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၂ (က) တို့ဖြင့် စွဲဆိုထားပြီး၊ ပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် ချမှတ်လိုက်ကြောင်း ဖြည့်စွက်ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။