သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-09-27
စစ်ကောင်စီက ကျင်းပဖို့ကြိုးပမ်းနေတဲ့ အထွေထွေရွေးကောက်ပွဲ အပါအဝင် လုပ်ငန်းစဉ်အားလုံးကို လက်ခံအသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က စက်တင်ဘာ ၂၇ ရက် ဒီကနေ့ ကြေညာပါတယ်။
2022-09-26
မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှု သံသရာလည်နေတာကို ရပ်တန့်သင့်နေပြီ ဖြစ်ပေမယ့် သံတမန်ရေးအရ ကြိုးပမ်းမှုတွေဟာ အကန့်အသတ်နဲ့သာ အကျိုးဖြစ်ထွန်းနေပါတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ယာယီမဟာမင်းကြီး နာဒါ အယ်လ် နာရှစ်က ပြောသွားပါတယ်။
2022-09-26
ပြီးခဲ့တဲ့ သီတင်းပတ်က ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ကအပြန် ထိုင်းနိုင်ငံအတွင်း ပြည်ဝင်ခွင့် ငြင်းပယ်ခံခဲ့ရပြီးတဲ့နောက် UNHCR အကူညီနဲ့ တတိယနိုင်ငံတစ်ခုခုမှာ နိုင်ငံရေးခိုလှုံခွင့်ရရှိဖို့ လျှောက်ထားခဲ့တာဖြစ်ပါတယ်။
2022-09-26
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရောက် မြန်မာအလုပ်သမားဇနီးမောင်နှံက မွေးဖွားခဲ့တဲ့ ကလေးငယ်တစ်ဦးမှာ မွေးရာပါ အဆုတ်အားနည်းမှုကြောင့် မကြာခဏဆေးရုံတက်ကုသနေရပြီး ဆေးကုသခွင့်လက်မှတ်လည်း မရှိတဲ့အတွက် ဆေးရုံတက်ခနဲ့ ဆေးဖိုးကုန်ကျငွေကို ဘဝတူ မြန်မာတွေက ဝိုင်းဝန်းထောက်ပံ့နေရပါတယ်။
2022-09-26
ဒုက္ခသည်စခန်း ၆၀ ဝန်းကျင်က ဒုက္ခသည်ဦးရေ သုံးသောင်းနီးပါးကို စာရင်းကောက်ယူထားပြီး နီးစပ်ရာဆွေ မျိုးတွေနဲ့ နေထိုင်သူတွေရဲ့ စာရင်းပေါင်းရင် ဒုက္ခသည် လေးသောင်းကျော် ရှိနေတယ်လို့ K Vanlalvena က ပြောပါတယ်။
2022-09-26
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန် တိုက်ပွဲပြင်းထန်နေတာ နှစ်လကျော်ရှိပြီဖြစ်ပြီး စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အခုရက်ပိုင်းအတွင်း ကလေးနှစ်ဦး သေဆုံးပြီး ဒေသခံခုနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
2022-09-26
မြန်မာနိုင်ငံရဲ့ အကြီးဆုံးပြည်နယ်ဖြစ်တဲ့ ရှမ်းပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့တွေ များတာကြောင့် ပြည်နယ်မြောက်ပိုင်းက မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ သိန္နီ၊ နမ့်ခမ်း၊ မန့်ဝိန်းကြီး စတဲ့ ဒေသတွေမှာ ဒုက္ခသည်စခန်းပေါင်း ၃၀ နီးပါးရှိပြီး လူဦးရေ သုံးသောင်းဝန်းကျင် ဒီကနေ့ထိ ၁၀ နှစ်ကျော် ခိုလှုံနေကြတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
2022-09-26
ကြက်ဆူအိုင့်ရွာကို စစ်ကောင်စီတပ်သားတွေ စက်တင်ဘာ ၂၅ ရက်နေ့ညက ဝင်ရောက်စီးနင်းခဲ့ပြီး ဒီကနေ့ မနက်မှာ နေအိမ်တွေကို မီးရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
2022-09-26
စက်တင်ဘာ ၂၆ ရက် ဒီကနေ့ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ စစ်ကောင်စီတပ်နဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးယူပေးနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
2022-09-26
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ အရေးပေါ်ကာလသက်တမ်း နှစ်နှစ်ဟာ ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကုန်ဆုံးတော့မှာပါ။ ဒါကြောင့် ၂၀၂၃ ဩဂုတ်လမှာ ရွေးကောက်ပွဲ ဖြစ်အောင်လုပ်ဖို့ စစ်ကောင်စီဥက္ကဌက ရည်မှန်းထားပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်သစ်ကလည်း စနစ်တကျ ကြိုးပမ်းနေပါတယ်။
2022-09-26
ချင်းပြည်နယ် ၊ မတူပီမြို့နယ် မတူပီ-ဟားခါး ကားလမ်းပေါ်က ဖနိုင်နဲ့ ငလိုင်ရွာအကြား စစ်ကောင်စီတပ်နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တို့ စက်တင်ဘာ ၂၆ ရက် ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အရပ်သား ၁၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-09-26
ပစ်ခတ်မှုကြောင့် အိမ်ခြေ ၁၀၀၀ နီးပါးရှိတဲ့ ရွာသာကြီးရွာက ဒေသခံလေးထောင်ကျော် နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
2022-09-26
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အင်းနားရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းပြီး နေအိမ်တစ်ရာကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-09-25
ဂျပန်ဝန်ကြီးချုပ် Kishida နဲ့ နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi တို့ကလည်း တင်းမာတဲ့ ဆုံးဖြတ်ချက် ချမှတ်သင့်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြဖို့ ပြောပါတယ်။
2022-09-25
အကြမ်းဖက် ပဋိပက္ခတွေကြောင့် သေဆုံးမှုတွေ၊ နေရပ်စွန့်ခွာရမှုတွေ ဆက်လက်ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံကို ကမ္ဘာကြီးက မေ့မထားကြဖို့ တနင်္ဂနွေနေ့က ပန်ကြားလိုက်တာပါ။