သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-09-23
ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံတွေ၊ ဘာသာရေး အဆောက်အုံတွေနဲ့ လူနေရပ်ကွက်၊ ကျေးရွာတွေကို အကာအကွယ်ယူပြီး ပစ်ခတ်တိုက်ခိုက်တာတွေ မဖြစ်အောင် ပြည်နယ်အစိုးရ ဆောင်ရွက်ပေးဖို့ အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2019-09-23
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရက္ခိုင့်တပ်တော်နဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေအတွင်း အရပ်သား ထိခိုက်သေဆုံးမှုတွေ၊ ဥစ္စာပစ္စည်း ဆုံးရံှုးမှုတွေအတွက် စုံစမ်းရေးအဖွဲ့ ဖွဲ့ဖို့ မြောက်ဦးမဲဆန္ဒနယ်က ဦးထွန်းသာစိန်က ပြည်နယ်လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။
2019-09-23
တပ်မတော်က အပစ်ရပ်ကာလသတ်မှတ်ထားတာ စက်တင်ဘာလ ၂၁ ရက်နေ့မှာ သက်တမ်း ကုန်ပြီဖြစ်ပေမယ့် နောက်ထပ်တစ်ကြိမ် အပစ်ရပ်သက်တမ်းတိုးဖို့ မသေချာတော့ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောထားပါတယ်။
2019-09-23
တစ်နိုင်ငံလုံးမှာ အပိတ်ခံထားရတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီဝတ်ကျောင်းတွေ ပြန်ဖွင့်ခွင့်ရရေးအတွက် ပြန်လည်ဖွင့်လှစ်ရေးကော်မတီကို ယာယီဖွဲ့စည်းထားပြီး စာရင်းကောက်ယူနေပါတယ်။
2019-09-23
လိပ်ကျွန်းနဲ့ ရနောင်းလူသတ်မှု နှစ်ခုစလုံးမှာ ပြစ်ဒဏ်ချမှတ်ခံရတဲ့ မြန်မာအလုပ်သမားတွေဟာ ထိုင်းရဲတပ်ဖွဲ့ဝင်တွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဝန်ခံလိုက်ရတာလို့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြပါတယ်။
2019-09-23
ရေကိုလွယ်လွယ်ကူကူရနေတဲ့သူအများစုဟာ ရေပေါများတယ်အထင်နဲ့ ဖြုန်းတီးတာတွေများနေတယ်လို့ ဒီကနေ့ UMFCCI မှာ ကျင်းပတဲ့ Water Economic Forum မှာ ဆွေးနွေးသူတွေက ပြောကြပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကနေ ပေးဝေနေတဲ့ ရေရဲ့ ၅၀ ရာခိုင်နှုန်းကလည်း လေလွင့်တာတွေရှိနေတယ်လို့ စည်ပင်ကော်မတီ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။
2019-09-22
လွှတ်တော်ကိုဖျက်သိမ်းနိုင်တဲ့ အခွင့်အရေးရှိတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ တာဝန်တွေကို ထည့်သွင်းထားတဲ့ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းဟာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို သွားမယ်လို့ပြောရင်းနဲ့ တပ်ရဲ့နယ်နိမိတ်ကို ပိုပြီးချဲ့ထွင်လာချင်တဲ့ ရည်ရွယ်ချက်ကို ဦးတည်လေသလားဆိုတာ စဉ်းစားရမယ့် အနေအထားရှိလာပြီလို့ NLD ပါတီက ပြောလိုက်ပါတယ်။
2019-09-22
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ကြပ်တစ်ဦးနဲ့ ဘူးသီးတောင်က စစ်မှုထမ်းဟောင်းတစ်ဦး ဒီနေ့မနက်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။
2019-09-22
နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံရေးနဲ့ လုံခြုံရေးဌာနက ဝန်ကြီးဌာနအသီးသီး၊ အစိုးရရုံးဌာနအသီးသီးမှာ လုံခြုံရေး အထူးဂရုပြုဆောင်ရွက်ဖို့ စက်တင်ဘာ ၁၆ ရက်နေ့စွဲနဲ့ ညွှန်ကြားချက်တစ်စောင် အင်တာနက် လူမှုစာမျက်နှာတွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ပျံံံ့နှံ့ခဲ့ပါတယ်။
2019-09-22
လွှတ်တော်ကိုဖျက်သိမ်းနိုင်တဲ့ အခွင့်အရေးရှိတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ တာဝန်တွေကို ထည့်သွင်းထားတဲ့ အခြေခံဥပဒေပြင်ဆင်တဲ့ မူကြမ်းကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေက တင်သွင်းလိုက်ပါတယ်။
2019-09-22
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်ရွာအနီး ဇက်ဆိပ်တစ်ခုမှာ မနေ့က တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲကြောင့် အသက် ၅၀ ကျော်အရွယ် ဒေသခံတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။
2019-09-22
ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲလို့ ရေကြီးတာ၊ မြေပြိုတာ၊ မုန်တိုင်းကြီးတွေ တိုက်လာတာ၊ အပူရှိန်တွေမြင့်လာတာကို ကမ္ဘာတစ်ဝှမ်းခံနေရတာ နှစ်အတော်ကြာလာပြီဖြစ်ပါတယ်။
2019-09-21
စစ်တိုင်းငါးတိုင်းမှာ တပ်မတော်က နောက်ထပ် အပစ်ရပ်သက်တမ်းတိုးဖို့ မသေချာတော့ဘူးလို့ တပ်မတော်ပြောခွင့်ရသူက ပြောပါတယ်။ ဒါ့အပြင် နေပြည်တော်မှာ ဖောက်ခွဲတိုက်ခိုက်မဲ့သတင်းနဲ့ ပတ်သက်ပြီးတော့လည်း လုံခြုံရေးကို ဂရုတစိုက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
2019-09-21
ရိုဟင်ဂျာပြဿနာ ဖြေရှင်းရေးအတွက် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံတို့ ပါဝင်မယ့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ စက်တင်ဘာလ ၂၃ ရက် တနင်္လာနေ့မှာကျင်းပမယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း က RFA ကို အတည်ပြုပြောကြားလိုက်ပါတယ်။
2019-09-21
နေပြည်တော်က ဗစ်တိုးရီးယားအမှုပေါ် အဂတိလိုက်စားမှု မြောက်၊ မမြောက် စစ်ဆေးပေးဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားလာတဲ့အတွက် စောင့်ကြည့်ဆောင်ရွက်နေတယ်လို့ ကော်မရှင် တာဝန်ရှိသူက နေပြည်တော်မှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။