လွှတ်တော်ကိုဖျက်သိမ်းနိုင်တဲ့ အခွင့်အရေးရှိတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ တာဝန်တွေကို ထည့်သွင်းထားတဲ့ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းဟာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို သွားမယ်လို့ပြောရင်းနဲ့ တပ်ရဲ့နယ်နိမိတ်ကို ပိုပြီးချဲ့ထွင်လာချင်တဲ့ ရည်ရွယ်ချက်ကို ဦးတည်လေသလားဆိုတာ စဉ်းစားရမယ့် အနေအထားရှိလာပြီလို့ NLD ပါတီက ပြောလိုက်ပါတယ်။
RFA သတင်းထောက် ကိုသန့်ဇင်ဦး က တင်ပြထားပါတယ်။