သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-04-27
မင်းတပ်မြို့နယ်က ဝမ္မသူးဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ငါးဦးထိရှိလာပြီး ထိခိုက်ဒဏ်ရာသူ အယောက် ၃၀ အထိရှိတယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။
2024-04-27
စစ်မှုထမ်းဥပဒေအရ အပတ်စဉ် (၂) စစ်သင်တန်းအတွက် တိုင်းနဲ့ပြည်နယ်တချို့မှာ စာရင်းစကောက်နေပြီး စစ်မှုထမ်းဖို့ ဖမ်းဆီးခံရသူတွေရှိတဲ့အပြင် ငွေကြေးကောက်ခံတာတွေပါ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-04-27
AA သိမ်းထားတဲ့ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ ဧပြီလ ၂၅ ရက်နေ့က စစ်ကောင်စီရဲ့ ရေတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံသုံးဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
2024-04-27
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် (က) ရပ်ကွက်က ထိန်သစ်လမ်းပေါ်ကို ဧပြီလ ၂၆ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-04-27
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့အဝင်မှာ စစ်ကောင်စီတပ်က နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) မပါတဲ့ ခရီးသည်တွေကို ငွေကျပ်သုံးသိန်းခန့်အထိ တောင်းနေသလို မသင်္ကာသူလို့ယူဆတာနဲ့ ဖမ်းဆီးနေတယ်လို့ တာချီလိတ်မြို့ခံတွေက ပြောပါတယ်။
2024-04-27
မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တိုက်ပွဲတွေကြောင့် ခြောက်ရက်ကြာ ယာယီပိတ်ထားတဲ့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၁) ကို ဧပြီလ ၂၇ ရက်နေ့ မနက်မှာ ပြန်ဖွင့်လိုက်ပါတယ်။
2024-04-27
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှာ ဧပြီလ ၂၅ ရက်နဲ့ ၂၆ ရက် နှစ်ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ဒေသခံလေးဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဧပြီလ ၂၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
2024-04-27
ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်ထဲက မြို့ငါးမြို့မှာ အရင်ထုတ်ပြန်ထားတဲ့ ညမထွက်ရအချိန်အစား ဧပြီလ ၂၅ ရက်နေ့ကစပြီး ည ၁၀ နာရီကနေ မနက် ၅ နာရီအတွင်း မထွက်ရလို့ စစ်ကောင်စီက ပြောင်းလဲလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-04-27
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ထဲက ရွာတွေဘက်ကို မြို့အဝင်မှာရှိတဲ့ ခြေမြန်တပ်ရင်း ခမရ (၄၂၃) က လက်နက်ကြီးနဲ့ပစ်ခဲ့တာကြောင့် ဒေသခံလေးဦး ဒဏ်ရာရခဲ့တယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။
2024-04-26
ရွှေဗျိုင်းဖြူကုမ္ပဏီ ဥက္ကဋ္ဌရဲ့ သမီးဖြစ်သူ မသိမ့်ဝင်းထက်ကို အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး နေထိုင်ခွင့်ဗီဇာ ပြန်လည်ရုပ်သိမ်းဖို့ ပြင်သစ်အစိုးရကို Justice For Myanmar နဲ့ Info Birmanie တို့က ဧပြီ ၂၆ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
2024-04-26
စစ်ပွဲဖြစ်ပွားရာ ဒေသအသီသီးက သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ သတင်းသမားတွေရဲ့ လုံခြုံရေး၊ လွတ်လပ်စွာသတင်းရယူခွင့်ကို အာမခံဖို့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ဧပြီ ၂၆ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
2024-04-26
ပြီးခဲ့တဲ့ ၂၀၂၃ တစ်နှစ်အတွင်း အကျဉ်းထောင်တွေနဲ့ ထောင်ပြင်ပမှာ သတ်ဖြတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၈ ဦးသာရှိခဲ့ပြီး ဒီနှစ်မှာတော့ လေးလအတွင်းမှာတင် သတ်ဖြတ်ခံရသူ ရှစ်ဦး ရှိနေတာပါ။
2024-04-26
စစ်ကောင်စီတပ်တွေနဲ့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေတဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်နှစ်ခုမှာ ညမထွက်ရအမိန့်ကို ဧပြီလ ၂၆ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်လိုက်ပါတယ်။
2024-04-26
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အဝင်ဂိတ်ကို ဆယ်နှစ်ကျော်အကြာ ဧပြီလ ၂၆ ရက်နေ့မှာ ကေအိုင်အေက ပြန်ဖွင့်လိုက်ပါတယ်။
2024-04-26
ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု နောက်ထပ်တစ်နှစ် ထပ်တိုးလိုက်ကြောင်း ဧပြီလ ၂၆ ရက်နေ့က ကြေညာလိုက်ပါတယ်။