သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-10-28
နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တခြားနိုင်ငံတွေက ဝင်ရောက်မစွက်ဖက်ဖို့လည်း ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီက အာဆီယံနိုင်ငံတွေကို ပြောထားပါတယ်။
2022-10-28
ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်တဲ့ သူရဦးရွှေမန်း တည်ထောင်ထားတဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ (UBP) ကို ရွေးကောက်ပွဲ ဥပဒေနဲ့အညီ တရားဝင် ဖျက်သိမ်းခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံပိုင် သတင်းစာကနေ ဒီနေ့ ထုတ်ပြန်ပါတယ်။
2022-10-28
စစ်ကိုင်းတိုင်း မြောင်မြို့နယ် ပရိမ္မရွာကို အောက်တိုဘာ ၂၈ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ရဟတ်ယာဉ်ပေါ်က ပစ်ခတ်လို့ ရွာထဲက အရပ်သား ခြောက်ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-10-27
အာဖဂ္ဂဂန်၊ အီရန်၊ တရုတ်၊ မြောက်ကိုးရီးယား စတဲ့နိုင်ငံတွေနည်းတူ မြန်မာနိုင်ငံဟာလည်း ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံဖြစ်တယ်လို့ အမေရိကန်ကသတ်မှတ်ထားပါတယ်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ဘာသာရေးကို နိုင်ငံရေးအရ ပိုအသုံးချလာနေတယ်လို့ လေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။
2022-10-27
စစ်ကောင်စီက စာသင်ကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ နိုင်ငံအနှံဖြစ်ပွားနေလို့ စာသင်ကျောင်းတွေမှာ ဗုံးခိုကျင်းတွေ၊ ပုန်းခိုစရာနေရာတွေဆောက်လုပ်ဖို့ စီစဉ်နေတာလို့ CDM ဝန်ထမ်းတွေက ပြောပါတယ်။
2022-10-27
ဆရာတော်ကြီးဟာ နှလုံးသွေးကြောပိတ်ရောဂါနဲ့ ပျံလွန်သွားတာလို့ ဆရာတော်ရဲ့တပည့် အရှင်တေဇာနန္ဒက RFA ကိုပြောပါတယ်။
2022-10-27
မြန်မာနိုင်ငံအရေး အာဆီယံရဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့ ဘုံသဘောတူညီချက်ငါးချက်ကို အခိုင်အမာ ဆက်လက်အကောင်အထည်ဖော်မယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌက ကမ္ဘောဒီးယားနိုင်ငံကကြေညာသွားပါတယ်။
2022-10-27
ဗမာပြည်သူ့လွတ်မြောက်ရေး တပ်မတော် (BPLA) ဟာ ဗမာတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီး ၂ဝ၂၁ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
2022-10-27
ရန်ကုန်အနီးတစ်ဝိုက်သာမက စစ်ဘေးဒဏ်ခံနေရတဲ့ ကချင်၊ ချင်း၊ ကရင်၊ ကယား၊ ရခိုင် စတဲ့ ဒေသတွေက အသက် ၁၈ နှစ်အောက်ကလေးတွေနဲ့ အသက် ၁၈ နှစ်အထက် လူငယ်တွေအပါအဝင် စုစုပေါင်း မှီခိုသူ ၁၉၆ ဦးကို စားဝတ်နေရေးနဲ့ ပညာရေးကအစ ကူညီစောင့်ရှောက်ပေးနေပါတယ်။
2022-10-27
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တောင်ပိုင်းမှာရှိတဲ့ ဉာဏ်အင်း၊ ရွာမ၊ အင်းလယ်ကြီး၊ သရက်တာ၊ အင်္ဂါထောင့် စတဲ့ကျေးရွာငါးရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၃ ရက်ကနေ အောက်တိုဘာလ ၂၇ ရက် ဒီနေ့အထိ ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်နဲ့ စပါးကျီ ၁၀၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-10-27
အသက်မသေဘဲ လွတ်မြောက်လာတဲ့ ဖားကန့်ဒေသခံတစ်ဦးကတော့ ဗုံးကြဲခံရတဲ့နေရာမှာ ပေတစ်ရာ ပတ်လည်အထိ အသားစတွေနဲ့ ဦးခေါင်းခွံတွေ တစ်စစီပြန့်ကျဲနေတာကြောင့် အမှန်တကယ်သေဆုံးတဲ့စာရင်းဟာ ကေအိုင်အိုက ပြောဆိုတဲ့အရေအတွက်ထက် ပိုများနိုင်တယ်လို့ ပြောပါတယ်။
2022-10-27
ကရင်ဒုက္ခသည် လေးသိန်းနီးပါးအတွက် အစားအစာထောက်ပံ့ဖို့ အမေရိကန်ဒေါ်လာ ၁၇ သန်း အရေးပေါ်လိုအပ်နေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် လူထုအခြေပြုအဖွဲ့အစည်း CBO က ဒီနေ့ အစီရင်ခံစာတစ်စောင် ထုတ်လိုက်ပါတယ်။
2022-10-27
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ (၉) နယ်မြေ အနန့်ပါမှာ အစုလိုက်အပြုံလိုက် လူသေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီးနောက် ဖားကန့်မြို့ပေါ်မှာ စစ်ကောင်စီက တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
2022-10-27
KIO ရဲ့ နှစ်ပတ်လည်အကြို အခမ်းအနားကို ကျင်းပနေတဲ့နေရာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာအနေနဲ့ အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးဖို့ နိုင်ငံတကာ ကရင်အဖွဲ့အစည်း IKO က မနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2022-10-27
ဒီနေ့အစည်းအဝေးကို မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်သူမရှိခဲ့ပါဘူး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံ အဆင့်မြင့်အစည်းအဝေးတွေကို မနှစ်ကစလို့ မြန်မာစစ်ဗိုလ်ချုပ်တွေကို တက်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။