NUG နဲ့ BPLA စစ်ရေးအရ ပူးပေါင်းသွားမည်

2022.10.27
NUG နဲ့ BPLA စစ်ရေးအရ ပူးပေါင်းသွားမည် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်မတော်(BPLA) သင်တန်းဆင်းပွဲ အခမ်းအနား။
Photo: BPLA

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ PDF တပ်ဖွဲ့တွေနဲ့ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်မတော်(BPLA)တို့ စစ်ရေး ပူးပေါင်းသွားမယ်လို့ NUG က ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်၊ အတွင်းဝန်ဦးနိုင်ထူးအောင်နဲ့ BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခ၊ စခန်းမှူး ရိုးအံ့မင်းတို့ အောက်တိုဘာ ၂၆ ရက် မနေ့ကတွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့တာလို့ ဆိုပါတယ်။

BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခက အခုလိုတွေ့ဆုံတာဟာ တော်လှန်ရေးအတွက် ပိုကောင်းတဲ့ အခြေအနေဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

279502760_176772748076694_9120768947231800737_n.jpg

“တစ်ချို့ကိစ္စတွေမှာ ကျနော်တို့ပူးပေါင်းပြီး ဆောင်ရွက်လို့ရတယ် နောက်တစ်ခုကတော့ စကားမပြောဘဲ နေတာထက်စာရင် တစ်ဘက်တည်းမှာ ရှိတဲ့လူ အချင်းချင်းကြားထဲမှာ တွေ့ဆုံစကားပြောလိုက်တဲ့အခါမှာ ပိုပြီးတော့ ကောင်းတဲ့ အရွေ့တစ်ခု ရတယ်လို့မြင်တယ်။ ကျနော်တို့အားလုံးရဲ့ ညီညွတ်မှုကပဲ ရန်သူကို အပြီးတိုင် ဖြိုလဲနိုင်လိမ့်မယ်လို့ ထင်တယ်။ အဲဒီလိုစိတ်နဲ့ပဲ ကျနော်တို့တွေ့ကြတာဖြစ်တယ်။ တော်လှန်ရေးအတွက် ပိုကောင်းတဲ့ အခြေအနေတစ်ခုပဲ ဖြစ်မှာပါ။”

စစ်ရေးအပြင် နိုင်ငံရေးအရ အပြန်အလှန်လေးစားမှု၊ အသိအမှတ်ပြုမှုတို့ကို အတူတကွ လက်တွဲဆောင်ရွက် သွားကြဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

NUG ကာကွယ်ရေး ဝန်ကြီးဌာနကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ဗမာပြည်သူ့လွတ်မြောက်ရေး တပ်မတော် (BPLA) ဟာ ဗမာတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီး ၂ဝ၂၁ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။