သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-21
လူကုန်ကူးခံခဲ့ရပြီးနောက် အင်ဒိုနီးရှားရေပိုင်နက်ထဲမှာ ကျူးကျော်ငါးဖမ်းမှုနဲ့ အဖမ်းခံရပြီး ပြန်လည် လွတ်မြောက်လာ တဲ့ မြန်မာ နိုင်ငံသား ၁၉ ဦးဟာ “ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့” IOM ရဲ့အကူအညီနဲ့ ရန်ကုန်မြို့ ကို ပြန်လည်ရောက်ရှိလာပါတယ်။
2015-01-21
၁၂ ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးတွေကို နေပြည်တော်မှာ မနေ့က စတင်ကျင်းပခဲ့ပါတယ်။
2015-01-21
အပတ်စဉ်အင်္ဂါနေ့တိုင်း ထုတ်လွှင့်နေတဲ့ “အာရှသတင်းမြင်ကွင်းစုံ” အစီအစဉ်ကို ရှုစားရမှာပါ။ RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်းက စီစဉ်တင်ဆက်ထားပါတယ်။
2015-01-21
မြန်မာနိုင်ငံ ကချင်ပြည်နယ်မှာ အစိုးရနဲ့ KIA ကြား ပြန်လည်ဖြစ်ပွားနေတဲ့ တိုက် ပွဲတွေ အတွင်း ပိတ်မိနေကြတဲ့ အရပ်သားတွေထဲမှာ တရုတ်နိုင်ငံသားတွေ ပါဝင်တယ်ဆိုတဲ့ သတင်းဟာ မဟုတ် မှန်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ က အင်္ဂါနေ့က ပြောပါတယ်။
2015-01-21
တိုင်းပြည်ရဲ့ ပကတိအချက်အလက်တွေကို အများပြည်သူ ပွင့်ပွင့်လင်းလင်းသိရှိဖို့ အခက်ခဲဆုံးနိုင်ငံတွေထဲ မှာ မြန်မာနိုင်ငံပါဝင်နေဆဲဖြစ်ပါတယ်။
2015-01-20
အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက် လို့ တောင်းဆိုထားတဲ့ အချက်အလက် တွေ အတိုင်း၊ လက်တွေ့ဖြစ်မလာမချင်း သပိတ် လှန်မှာမဟုတ်ဘူး လို့ ကျောင်းသား တွေကပြောပါတယ်။
2015-01-20
ပထမအကြိမ် မြန်မာနိုဘယ်စာပေပွဲတော်ကို ဇန်နဝါရီလ ၁၇ ၇က်နေ့ကနေ ၁၉ ရက်နေ့ထိ ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။
2015-01-20
ပြည်ထောင်စုလွှတ်တော်က အတည်ပြု ထားတဲ့ အမျိုးသားပညာရေးဥပဒေကြမ်းကို ကန့်ကွက်တဲ့ ကျောင်းသား ၁၀၀ ကျော်က မန္တလေးမြို့အိမ်တော်ရာ ဘုရားဝင်းကနေ ရန်ကုန်မြို့ကို ဒီနေ့ စတင်လမ်းလျှောက်ဆန္ဒပြကြပါတယ်။
2015-01-20
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရားမဝင် သစ်ခိုးထုတ်မှုနဲ့ မြစ်ကြီးနား အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသား ၁၂၅ ယောက်ကို တရုတ်ကောင်စစ်ဝန်ရုံး ရဲ့ ဒုတိယအတွင်းဝန် Mr. Bian Zhouzhou ဦးဆောင်တဲ့ ကိုယ်စားလှယ်သုံးယောက်က မြစ်ကြီးနားအကျဉ်းထောင်မှာ ဒီနေ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။
2015-01-20
အစိုးရစစ်တပ်နဲ့ ကေအိုင်အေတို့အကြား တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ဖားကန့် မြို့နယ် ကံဆီးကျေးရွာကို ကချင်ငြိမ်း ချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က သွားရောက်ဖို့ ပြင်ဆင် ထားပေမဲ့ အစိုးရစစ်တပ် တပ်မ ၆၆ က ခွင့်မပြုဘူးလို့ သိရပါတယ်။
2015-01-20
မြေဧက ၃သောင်းကျော်မှာ အကောင် အထည်ဖော်မယ့် မကွေးမြို့သစ်စီမံကိန်း ကို ကျေးရွာ ၃၀ ကျော်က ဒေသခံတောင် သူတွေက ကန့်ကွက်ကြောင်း လက်မှတ်တွေရေးထိုးပြီး အမျိုးသားလွှတ်တော်ထံ တင်ပြသွားမယ်လို့ သိရပါတယ်။
2015-01-20
နှစ်ရှည်ထောင်ဒဏ် စီရင်ခံထားရတဲ့ ရခိုင်ပြည်နယ်က ဒေါက်တာ ထွန်းအောင် ကို သမ္မတ ဦးသိန်းစိန်က အထူးလွတ်ငြိမ်း ခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တာဟာ အမေရိကန် နဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာ အခန်းကဏ္ဍသစ် ဖွင့်လိုက်တာပါပဲလို့ မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ အမေရိ ကန် အောက်လွှတ်တော်အမတ် Aaron Schock က ပြောကြားလိုက်ပါတယ်။
2015-01-20
မကွေးတိုင်းဒေသကြီးအစိုးရက မြေဧက ၃သောင်းကျော်မှာ အကောင်အထည်ဖော်မယ့် မကွေးမြို့သစ် စီမံကိန်းအတွက် တောင်သူတွေထံက လယ်ယာမြေတွေ သိမ်းယူပြီး လျော်ကြေး၊ နစ်နာကြေးတွေပေးဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ ညွှန်ကြားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2015-01-20
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးရဲ့ လစာကို ကျပ် ဆယ်သိန်း၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦးရဲ့လစာကို ကျပ် ငါးသိန်း တိုးပေးဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့အပေါ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တဖြည်းဖြည်းချင်းသာ တိုးမြှင့်ဖို့ဆို ပြီး ပြည်ထောင်စုလွှတ်တော်ထံ မနေ့က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
2015-01-20
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တတိယ အကြိမ် ဗဟိုကော်မတီ အစည်းအဝေး ကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာရှိတဲ့ ပါတီဌာနချုပ်မှာ ဇန်နဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေက ကျင်းပခဲ့ပြီး ဇန်နဝါရီလ ၁၇ ရက်နေ့ မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက ကောက်နှုတ် တင်ပြထားပါတယ်။