တရုတ်ကွန်မြူနစ် ပါတီ သတင်း စာ ဖေါ်ပြချက် တရုတ်အစိုး ရ ငြင်းဆို
2015.01.21
မြန်မာနိုင်ငံ ကချင်ပြည်နယ်မှာ အစိုးရနဲ့ KIA ကြား ပြန်လည်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ပိတ်မိနေကြတဲ့ အရပ် သားတွေထဲမှာ တရုတ်နိုင်ငံသားတွေ ပါဝင်တယ်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရသူက အင်္ဂါနေ့က ပြောပါတယ်။
မြစ်ကြီးနားမြို့ကို သွားရောက်ခဲ့ကြတဲ့ တရုတ်ကောင်စစ်ဝန်အဖွဲ့ရဲ့ ကနဦး စုံစမ်း မေးမြန်းချက်တွေအရ ဒီသတင်း မဟုတ်မှန်ကြောင်း၊ ကချင်ပြည်နယ်က အခြေအနေ တွေကို ဆက်လက်စောင့်ကြည့်ပြီး၊ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးနဲ့ အခွင့်အရေး တွေစိတ်ချရအောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောခွင့်ရ အမျိုးသမီး ဟွာချောင်ရင် က ပြောပါတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ Global Times သတင်းစာက ကချင်ပြည်နယ် စစ်ရေး ပဋိပက္ခအတွင်း ပိတ်မိနေကြတဲ့ ဒေသ ခံ နှစ်ထောင်ဝန်းကျင်ထဲမှာ တရုတ်နိုင်ငံသားတွေ ရာဂဏန်း ပါဝင်နေတယ် လို့ ဖေါ်ပြခဲ့တာပါ။
အဲ့ဒီတရုတ်နိုင်ငံသားတွေထဲမှာ ကျောက်စိမ်းကုန်သည်တွေ၊ ရွှေကျင်သူတွေ၊ သစ်ကုန်သည်တွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူကတော့ တရုတ်ပြည်အနေနဲ့ မြန်မာ နိုင်ငံမြောက်ပိုင်းဒေသ အမြန်ဆုံး ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ မျှော်လင့်နေကြောင်း၊ ကာယကံရှင်တွေအနေနဲ့မတူခြားနားတာတွေကို စေ့စပ်ဆွေးနွေး တဲ့နည်းနဲ့ ဖြေရှင်းကြဖို့တိုက်တွန်းပါကြောင်း၊ တကယ်လို့ မြန်မာနိုင်ငံက သဘောတူရင် တရုတ်ပြည်အနေနဲ့စေ့ စပ်ဖြန်ဖြေပေးတဲ့ ကဏ္ဍက ဆက်လက် ပါဝင်လိုပါကြောင်းလည်း ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။