ဒေါက်တာထွန်းအောင် ပြန်လွှတ်မှု သမ္မတကို အမေရိကန် ချီးကျူး


2015.01.20
tun-aung-305.jpg ထောင်ဒဏ်ကျခံရပြီး ပြန်လွတ်လာတဲ့ ဒေါက်တာထွန်းအောင် ကို ဇန်နဝါရီလ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Zaw Win, Kyaw Lwin Oo/RFA

နှစ်ရှည်ထောင်ဒဏ် စီရင်ခံထားရတဲ့ ရခိုင်ပြည်နယ် က ဒေါက်တာ ထွန်းအောင်ကို သမ္မတ ဦးသိန်းစိန်က အထူးလွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တာဟာ အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာ အခန်းကဏ္ဍသစ် ဖွင့်လိုက်တာပါပဲလို့  မြန်မာနိုင်ငံ မှာရောက်ရှိနေတဲ့ အမေရိကန် အောက်လွှတ်တော် အမတ် Aaron Schock က ပြောကြားလိုက်ပါတယ်။

မှားယွင်းပြီး ထောင်ချခံနေရတယ်လို့ အမေရိကန် အစိုးရက ယုံကြည်ထားတဲ့ အကျဉ်းသားကို သမ္မတ ဦးသိန်းစိန်က သဘောထားကြီးကြီးထားပြီး ပြန် လွှတ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။ နှစ် နိုင်ငံအကြား ကောင်းမွန်နေတဲ့ဆက်ဆံရေးကို ပိုပြီးတိုးတက်လာအောင် ဆောင်ရွက်ပေးတာလို့ ယုံကြည်ပါတယ်လို့ သူက ပြောသွားပါတယ်

ဒါ့အပြင်  Aaron Schock က အောက်လွှတ်တော် အမတ်တစ်ဦိးအနေနဲ့  အမေရိကားကို ပြန်ရောက်သွားတဲ့အခါမှာ လွှတ်တော်ထဲက လုပ်ဖေါ်ကိုင်ဖက်တွေကို  ဒီသတင်းကောင်းပြောပြပြီးတော့  သူလာရင်းအကြောင်းဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ရေးအစီအစဉ်ကို ထောက်ခံပေးကြဖို့ တိုက်တွန်းမှာဖြစ်ကြောင်း ဆက်လက်ပြော ကြားသွားပါတယ်။

မြန်မာနိုင်ငံမှာရောက်နေတဲ့ Prague Freedon Foundation ဥက္ကဌ John Todoroki  ကလည်း ဒေါက်တာ ထွန်းအောင်ကို   ပြန်လွှတ်ပေးလိုက်တာဟာ လူ့အခွင့်အရေးဆိုင်ရာ သဘောထားပြောင်းလဲမှုအတွက် ခြေ လှမ်းကြီးတစ်ရပ်ဖြစ်လို့ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နဲ့ ဒီကိစ္စဖြစ်မြောက်အောင်ကြိုးပမ်းခဲ့တဲ့ လွှတ်တော်အမတ် Aaron Schock တို့ကို ကျေးဇူးတင်ရှိပါတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။