အင်ဒိုနီးရှားပြန် လူကုန်ကူးခံရသူများ
2015.01.21
လူကုန်ကူးခံခဲ့ရပြီးနောက် အင်ဒိုနီးရှားရေပိုင်နက်ထဲမှာ ကျူးကျော်ငါးဖမ်းမှုနဲ့ အဖမ်းခံရပြီး ပြန်လည် လွတ်မြောက်လာတဲ့ မြန်မာ နိုင်ငံသား ၁၉ ဦးဟာ “ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့” IOM ရဲ့အကူအညီနဲ့ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာပါတယ်။ ပြန်လွတ်လာသူတွေထဲက တဦးကို RFA သတင်းထောက် ကိုသီဟထွန်း က တွေ့ဆုံမေးမြန်းထားပါတယ်။