သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-05-02
ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ ရိုဟင်ဂျာတွေကြားမှာ အခု မေလနဲ့ ဇွန်လ အတွင်းမွေးလာမယ့် ကလေးပေါင်း ၄၈၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားတဲ့အကြောင်း ကူညီရေးအဖွဲ့တွေ က ပြောလိုက်ပါတယ်။
2018-05-02
မြန်မာနိုင်ငံသားတွေအတွက် ဖေ့စ်ဘွတ်စာမျက်နှာ အခမဲ့ကြည့်နိုင်တဲ့အစီအစဉ်ကို မနှစ်က အဆုံးသတ်လိုက်ပြီလို့ သိရပါတယ်။ အရင်ကဆိုရင် MPT တယ်လီဖုန်းလိုင်းရှိရင် အင်တာနက်လိုင်းပိတ်ထားလည်း ဖေ့စ်ဘွတ်ဖွင့်ကြည့်လို့ရအောင် Tech Crunch ကုမ္ပဏီက ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ အင်တာနက်လိုင်းဖွင့်မှပဲ ဖေ့စ်ဘွတ်သုံးလို့ ရနိုင်တော့တာဖြစ်ပါတယ်။
2018-05-02
သမ္မတဦးဝင်းမြင့် က မကြာမီမှာ အနည်းဆုံး လုပ်အားခကို သတ်မှတ်ပေမယ်လို့ မေဒေးနေ့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။
2018-05-02
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက သံတမန် ၁၅ ဦး ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ၂ဝ၁၈ ဧပြီလ ၃ဝ ရက်နေ့က ရောက်ရှိလာပါတယ်။
2018-05-02
အစိုးရတပ်မတော်နဲ့ KIA တိုက်ပွဲတွေကြောင့် မြစ်ကြီးနားမြို့ တန်ဖဲကျေးရွာကို ထွက်ပြေးရောက်ရှိလာတဲ့ စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော်ဟာ လက်ရှိမှာ တန်ဖဲကျေးရွာက ကက်သလစ်ဘုရားရှိခိုးကျောင်းမှာ ခိုလှုံနေကြရပါတယ်။
2018-05-02
လာမယ့် မေလ ၉ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ကျင်းပမယ့် ၂၀၁၈ ရန်ကုန် ရင်းနှီးမြှုပ်နှံမှုဖိုရမ် Yangon Investment Forum 2018 မှာ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း အချက်အလက်တွေကို ဝန်ကြီးချုပ် က ရှင်းလင်းတင်ပြသွားမယ်လို့ တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး က ဒီနေ့ ပြောပါတယ်။
2018-05-02
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ ပိတ်မိနေသူတွေ အမြန်ဆုံး လွတ်မြောက်ရေးအတွက် စုဝေးဆန္ဒပြခွင့်ရရှိဖို့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးခွင့် ရရှိရေးအတွက် ကချင်လူငယ်ဦးဆောင်ကော်မတီက ဒီနေ့ မြစ်ကြီးနားမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ် တောင်းဆိုခဲ့ပါတယ်။
2018-05-02
လူဦးရေ ၄၀၀ ကျော် တက်ရောက်နေတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့က ရခိုင်လူငယ်ညီလာခံ ဒီနေ့ ဒုတိယမြောက်နေ့မှာ မြို့နယ်အသီးသီးက တင်လာတဲ့ စာတမ်းတွေကို ဆွေးနွေးဖတ်ကြား ခဲ့ကြပါတယ်။
2018-05-02
ပါတီတည်ထောင်ခွင့်ရရှိထားတဲ့ ရှစ်လေးလုံးပြည်သူ့ပါတီဟာ ပါတီရဲ့ အလံ၊ အမှတ်တံဆိပ်နဲ့ မူဝါဒတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ဒီနေ့ တင်ပြခဲ့ပါတယ်။
2018-05-02
ပြီးခဲ့တဲ့နှစ်အတွင်း တရားသူကြီး ၈၈ ဦးအပါအဝင် တရားရေးအရာရှိ၊ တရားရုံးဝန်ထမ်း စုစုပေါင်း အယောက် ၁၆၀ ကို ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2018-05-02
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ ငြိမ်းချမ်းရေးကော်မရှင်က တာဝန်ရှိသူတွေဟာ SSPP ဌာနချုပ်ဖြစ်တဲ့ ဝမ်ဟိုင်းမှာ ဒီနေ့အထိ နှစ်ရက်ကြာတွေ့ဆုံပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။
2018-05-02
ဒုရဲမှူး မိုးရန်နိုင် ကို မယုံကြည်ရတဲ့သက်သေအဖြစ် ကြေညာပေးဖို့ တရားလိုဘက်က ဥပဒေအရာရှိတွေရဲ့ လျှောက်လဲချက်ကို ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်တရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။
2018-05-02
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်မှာ အင်္ဂါနေ့ မနေ့ညနေ ကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန် ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို မြန်မာအစိုးရအနေနဲ့ တာဝန်ခံပြီး သင့်တော်သလို စုံစမ်းစစ်ဆေးရမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
2018-05-02
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတချို့ ဒီကနေ့ညနေပိုင်းမှာ တွေ့ဆုံခဲ့ပြီး အမုန်းစကားပြန့်ပွားမှုတွေရှိနေတဲ့ အခြေအနေနဲ့ ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းနှစ်ခုအကြား သင့်မြတ်စွာနေထိုင်နိုင်ရေးအပေါ် သဘောထားတွေကို မေးမြန်းခဲ့ပါတယ်။
2018-05-02
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ မနေ့ညက နေပြည်တော်မှာ အရပ်ဖက်အဖွဲ့တွေ လူမှုရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားကြတဲ့ မွတ်စလင်ဒုက္ခသည်အရေးကိစ္စကို မေးမြန်းဆွေးနွေးခဲ့ပါတယ်။