ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ အရပ်ဖက်အဖွဲ့တွေ နေပြည်တော်မှာ တွေ့ဆုံ
2018.05.02
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ မနေ့ညက နေပြည်တော်မှာ အရပ်ဖက်အဖွဲ့တွေ လူမှုရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားကြတဲ့ မွတ်စလင်ဒုက္ခသည်အရေးကိစ္စကို မေးမြန်းဆွေးနွေးခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကိုဖီအာနန်ကော်မရှင်မှာ အဖွဲ့ဝင် ဦးအေးလွင်က မိုးရာသီမှာ ဒုက္ခသည်တွေ အခက်အခဲတွေကြုံမှာဖြစ်တဲ့အတွက် ပြည်တွင်းပြန်နိုင်ရေး မြန်မာအစိုးရဘက်က ဖြေလျော့ပေးဖို့နဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ဒုက္ခသည်တွေအတွက် ခိုင်ခံ့တဲ့နေရာထိုင်ခင်းတွေ စီစဉ်ပေးဖို့ တင်ပြခဲ့တယ်လို့ ပြောပါတယ်။
ဦးအေးလွင် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။