သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-12-23
သက်ငယ်မုဒိန်းမှုကျူးလွန်ခံရတဲ့ ဗစ်တိုးရီးယားအမှုရဲ့ နာမည်အရင်းကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အဆင့်မြင့်အရာရှိတွေက သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားခဲ့လို့ ခေါင်းဆောင်သူ သုံးဦးကို အရေးယူပေးဖို့ ရန်ကုန်မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2019-12-23
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ရွာသာယာကျေးရွာနဲ့ ချုံချောင်းကျေးရွာအနီး ယောချောင်းတံတားမှာ တပ်မတော်က နေရာယူထားပြီး ရွာတွင်း၊ ရွာပြင် တစ်စုံတစ်ရာ ပစ္စည်းသယ်ယူခွင့်မပေးဘဲ ကန့်သတ်ထားတဲ့အတွက် ရွာသား ၅၀၀ ခန့် စားသောက်ရေးအတွက် ရိက္ခာအခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2019-12-23
မန္တလေး အရိုးအထူးကုဆေးရုံအုပ်ကြီးနဲ့ ဌာနခွဲစာရေးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးအရေးယူလိုက်ပါတယ်။ အခုလို အရေးယူမခံရခင်က အဂတိလိုက်စားမှု ကော်မရှင်ကို သူတို့အကြောင်း တိုင်ကြားခဲ့သူတွေ ဝေဖန်ခံခဲ့ရပါတယ်။
2019-12-23
ဒီဇင်ဘာ ၁၈ ရက်နေ့မှာ တပ်မတော် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ ရွာသစ်ရပ်ကွက် က ဒေသခံနှစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့က ပြန်လည်တွေ့ရှိခဲ့ပါတယ်။
2019-12-22
ဗစ်တိုးရီးယားအမှုမှာ နစ်နာသူကလေးငယ်နဲ့ သက်ရှိ သက်သေ ကလေး နှစ်ဦးရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထုတ်ဖော်ပြောကြားခဲ့တဲ့ ရဲတပ်ဖွဲ့ အဆင့်မြင့် အရာရှိတွေနဲ့ ရဲဇာနည် ဖေ့စ်ဘွတ်စာမျက်နှာကို ရှုတ်ချကြောင်းနဲ့ အစိုးရအဖွဲ့က လိုအပ်သလို အရေးယူဆောင်ရွက် ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၃၀ ကျော်က ကြေညာချက်ထုတ်လိုက်ပါတယ်။
2019-12-22
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့အနီး ပင်လယ်ပြင်မှာဖမ်းလိုက်တဲ့ မွတ်စလင်တွေကို အမှုဖွင့်အရေးယူတာတွေမလုပ်ဘဲ နေရပ်ပြန်ပို့ဖို့ ပြည်ထောင်စုအစိုးရက တနင်္သာရီတိုင်းအစိုးရကို ညွှန်ကြားထားပါတယ်။
2019-12-22
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောစ့်ဘဇားကို ရောက်ရှိနေတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး မြန်မာအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒုက္ခသည်စခန်းတွေကို ကိုယ်တိုင်သွားရောက်ရှင်းပြတာ သုံးကြိမ်ရှိပြီဖြစ်ပေမယ့် နေရပ်ပြန်ရေး သဘောတူညီချက် တစ်စုံတစ်ရာ မရရှိသေးဘူးလို့ နှစ်ဘက်စလုံးက ပြောပါတယ်။
2019-12-21
၂ဝ၁၉ ဒီဇင်ဘာ ၂၁ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ “ဝေဖန်ခံနေရတဲ့ ရဲတပ်ဖွဲ့နှင့် ဗစ်တိုးရီးယားအမှု” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-12-21
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားကို သွားရောက်ခဲ့စဉ် အစ္စလာမ်ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင် ဒုက္ခသည်တွေကို သီးခြားစီတွေ့ဆုံခဲ့ပါတယ်။
2019-12-21
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မြို့ပေါ်ရပ်ကွက်က ဓါတ်တိုင်တွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို သတိပေးစာတွေ ကပ်ထားပါတယ်။
2019-12-20
ရခိုင်ပြည်နယ်ကနေ လူမှောင်ခိုတွေကတဆင့် လှေစီးထွက်ပြေးလာလို့ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဖမ်းထားတဲ့ ရိုဟင်ဂျာမွတ်စလင် ၉၃ ယောက်ကို ဒီနေ့ တတိယအကြိမ်အဖြစ် ပုသိမ်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
2019-12-20
ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တာတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု မြောက်တယ်လို့ အမေရိကန်အခြေစိုက် Genocide Watch လို့ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု စောင့်ကြည့်ရေးအဖွဲ့က ပြောလိုက်ပါတယ်။
2019-12-20
ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ သုံးရက်ကြာ ပြုလုပ်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကြားနာပွဲနောက်ပိုင်းမှာ မြန်မာနဲ့ ဂမ်ဘီယာ ဘယ်ဘက်ကနိုင်မလဲ၊ အရှုံးအနိုင်မဟုတ်တဲ့ တခြားအခြေအနေမျိုးရော ဖြစ်လာနိုင်သလား ဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။
2019-12-20
အမေရိကန်ဒေါ်လာ ခုနှစ်သိန်းကျော် ကျပ်ငွေအားဖြင့် ၁.၂ ဘီလီယံကျော် အကုန်ကျခံပြီး ဝယ်ယူမယ့် Toyota Land cruiser ကျည်ကာကား ခြောက်စီးအကြောင်း RFA သတင်းထောက် ကိုသန့်ဇင်ဦးက စုစည်းတင်ပြထားပါတယ်။
2019-12-20
မန္တလေးမြို့ ကုတင် ၅၀၀ အရိုးအထူးကုဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်နဲ့ ဌာနခွဲစာရေး ဦးအောင်ကျော်ဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လိုက်တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။