ရိုဟင်ဂျာကိစ္စ လူမျိုးတုံးသတ်ဖြတ်မှု မြောက်မမြောက်
2019.12.20
ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တာတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု မြောက်တယ်လို့ အမေရိကန်အခြေစိုက် Genocide Watch လို့ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု စောင့်ကြည့်ရေးအဖွဲ့က ပြောလိုက်ပါတယ်။
ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ မြန်မာနဲ့ ဂမ်ဘီယာနိုင်ငံတို့ သုံးရက်ကြာ အပြန်အလှန် လျှောက်လဲခဲ့ကြတာတွေကို အခြေခံပြီး Genocide Watch အဖွဲ့ရဲ့ဥက္ကဋ္ဌ Gregory Stanton က အခုလို သုံးသပ်ထားတာပါ။
ပါမောက္ခ Gregory Stanton ကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တွေ့ဆုံမေးမြန်းထားပါတယ်။