သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-12-24
လက်ပန်းတောင်းတောင် သပိတ်စခန်းဖြိုခွဲမှုမှာ ဒဏ်ရာအပြင်းအထန်ရရှိလို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ဘန်ကောက်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေရတဲ့ ဆရာတော်ဦးတိက္ခဉာဏရဲ့ ဆေးဝါးကုသစားရိတ် အကုန်လုံးကို မြန်မာအစိုးရက ကျခံမယ်လို့ ကတိပေးလိုက်ကြောင်း သိရပါတယ်။
2012-12-24
အခုတပတ် RFA အဖွဲ့သား ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ ဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံအတွင်း တရားဝင်ရော၊ တရားမဝင်ပါ သွားရောက်အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် မှတ်ပုံတင်ကာလ ပြည့်မြောက်ချိန် နီးလာချိန်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲတွေကို ဆွေးနွေးတင်ပြထားပါတယ်။
2012-12-23
ပြည်ခိုင်ဖြိုးပါတီနဲ့ တရုတ်ပြည် ကွန်မြူနစ်ပါတီတို့ ပူးပေါင်းစီစဉ်မှု နဲ့ ပြည်တွင်းသတင်းမီဒီယာသမား တချို့ တရုတ်ပြည်လေ့လာရေး ခရီးစဉ်အဖြစ် မနေ့ညနေပိုင်းက ရန်ကုန်မြို့ကနေ စတင်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
2012-12-23
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်း တွင်းဒေသ မှော်စီစာကျေးရွာ ပတ်ဝန်းကျင်က ကျောက်စိမ်း လုပ်ကွက်တစ်ချို့ရဲ့ စွန့်ပစ်မြေ စာပုံတွေမှာ တနိုင်တပိုင် ရွှေတူးဖော် လုပ်ကိုင်နေသူတွေကို ဒီကနေ့မနက်က ဖားကန့်မြို့ နယ် လုံးခင်းအခြေစိုက် ရဲဝန်ထမ်း ၂၀ လောက်က လုပ်ကွက်တွေထဲကနေ မောင်းထုတ်ခဲ့ပြီး စုစုပေါင်း သိန်း ၂၀၀ လောက်တန်ဖိုးရှိတဲ့ ရေစုပ်စက် ၁၁ လုံး ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
2012-12-23
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိန်ကို မဲဆန္ဒရှင်တွေက ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ဒေသခံ လူအင်အား ၁၅၀ ကျော်က ဒီကနေ့ ညနေ ၃နာရီက ကြည့်မြင်တိုင်မြို့နယ်မှာ ဆန္ဒပြခဲ့ကြပါတယ်။
2012-12-23
ပြည်သူလူထု ကောင်းစားရေးအတွက် လုပ်ပေးချင်တဲ့ဆန္ဒရှိတာကြောင့် မိမိအနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲပြီးရင် သမ္မတဖြစ်ချင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ တနသာၤရီတိုင်းခရီးစဉ် အတွင်းက နောက်ဆုံး မြို့ဖြစ်တဲ့ ကျွန်းစုမြို့ အမှတ် ၄ ရပ်ကွက် မြို့သစ်အားကစားကွင်းမှာ ကျင်းပခဲ့တဲ့ ဒီကနေ့ လူထုတွေ့ဆုံပွဲ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။
2012-12-23
အိန္ဒိယနိုင်ငံ အနောက်ပိုင်း ပင်လယ် ကမ်းခြေမြို့ ရတနာဂီရိမြို့မှာ ရှိတဲ့ မြန်မာနိုင်ငံရဲ့ နောက်ဆုံးဘုရင် သီပေါမင်း စံတော်မူခဲ့တဲ့ နေအိမ်ကို အိန္ဒိယနိုင်ငံမှာ ရောက်နေတဲ့ သမ္မတဦးသိန်းစိန် မနေ့က သွားရောက် လည်ပတ်ခဲ့ပါတယ်။
2012-12-22
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်က ကျေးရွာ အတော်များများမှာ အုပ်ချုပ်ရေးမှူး ရွေးချယ်မှုနဲ့ပတ်သက်ပြီး ဥပဒေချိုးဖောက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
2012-12-22
တရုတ်သစ်ကုန်သည်တွေက ကချင်ပြည်နယ် မံစီမြို့နယ် အတွင်းက ဒေသခံရွာသားတွေ ကနေ တဆင့် တရားမဝင် ဝယ်ယူကြတဲ့ သစ်တွေ တရုတ်နိုင်ငံဘက်ကို သယ်ယူဖို့ အတွက် သစ်တင်တဲ့ကား အများအပြား ရှမ်းပြည်မြောက်ပိုင်းမှာ အခုအခါရောက်ရှိနေကြတယ်လို့ သိရပါတယ်။
2012-12-22
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီ စည်းရုံးရေး ခရီးစဉ်အဖြစ် တနသာၤရီတိုင်း ကော့သောင်းမြို့နဲ့ မြိတ်မြို့တွေကို ဒီကနေ့ သွားရောက်ခဲ့ပါတယ်။
2012-12-22
မလေးရှားနိုင်ငံ၊ Johor ဂျိုဟိုးပြည်နယ်၊ ပါကန်းနာနတ်စ်မြို့က လဝကထိန်းသိမ်းရေးစခန်းမှာ အကြောင်းအမျိုးမျိုးကြောင့် အဖမ်းဆီးခံထားရတဲ့ မြန်မာပြည်သားတွေဟာ စခန်းတာဝန်ကျ အရာရှိတွေရဲ့ မတရားခိုင်းစေမှုတွေ ရင်ဆိုင်နေရပြီး အကျဉ်းသားအခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ သိရပါတယ်။
2012-12-22
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနဲ့ ပတ်သက်တဲ့ တတိယ အကြိမ်မြောက် ကြေညာချက် တစ်စောင်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့က သဘောထားထုတ်ပြန် ကြေညာလိုက်ပါတယ်။
2012-12-22
ရခိုင်ပြည်နယ်က နိုင်ငံရေး အကျဉ်းသားတွေ စုပေါင်းပြီး ရခိုင် တိုင်းရင်းသား နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့လူမှုဘဝကို မြှင့်တင်ပေးနိုင်ဖို့၊ အကျဉ်းကျခံနေရတဲ့ ရခိုင်နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်အောင် ဆောင်ရွက် သွားဖို့ ရည်ရွယ်ချက်တွေနဲ့ ရခိုင်နိုင်ငံရေး အကျဉ်းသားဟောင်း ယာယီအဖွဲ့ချုပ်ကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီကနေ့ နေ့လည်ပိုင်းက ဖွဲ့စည်းလိုက်ပါတယ်။
2012-12-22
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကိုကြီးဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က မယ်တော်ဆေးခန်း၊ စီဒီစီအထက်တန်းကျောင်းနဲ့ နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) စတဲ့ လူမှုရေးလုပ်ငန်းလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ဒီဇင်ဘာလ ၂၂ရက်နေ့ ဒီကနေ့မှာတွေ့ဆုံခဲ့ပါတယ်။
2012-12-22
မွန်ပြည်နယ်က စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးပုန်းရှောင်နေကြရတဲ့ တိုင်းရင်းသား ရွာပုံးရွာရှောင် စစ်ဘေးဒုက္ခသည်တွေ အတွက် ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံး NGO အဖွဲ့တစ်ခုဖြစ်တဲ့ Nippon Foundation က လူသားခြင်းစာနာမှု အကူအညီတွေကို ဒီကနေ့ စတင်ပေးအပ်လိုက်တယ်လို့ သိရပါတယ်။