သမ္မတဦးသိန်းစိန်ရဲ့ သီပေါမင်းစံတော်မူရာ အိမ်သို့ခရီး

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ပင်လယ် ကမ်းခြေမြို့ ရတနာဂီရိမြို့မှာ ရှိတဲ့ မြန်မာနိုင်ငံရဲ့ နောက်ဆုံးဘုရင် သီပေါမင်း စံတော်မူခဲ့တဲ့ နေအိမ်ကို အိန္ဒိယနိုင်ငံမှာ ရောက်နေတဲ့ သမ္မတဦးသိန်းစိန် မနေ့က သွားရောက် လည်ပတ်ခဲ့ပါတယ်။

2012.12.23

သမ္မတဦးသိန်းစိန်ဟာ သီပေါမင်းနေထိုင်ခဲ့တဲ့ ရတနာဂီရိ စံအိမ်ကို လည်ပတ်တဲ့ ပထမဆုံး မြန်မာနိုင်ငံ ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။

အဲဒီမှာ သမ္မတဦးသိန်းစိန်က သီပေါမင်းရဲ့ အုတ်ဂူကို ဂါရဝ ပြုခဲ့သလို သီပေါမင်းရဲ့ ဆွေမျိုး မြစ်တွေနဲ့လည်း တွေ့ဆုံ စကားပြောခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော် ၁၈၈၅ ခုနှစ်မှာ မန္တလေးနေပြည်တော်ကို အင်္ဂလိပ်တွေ သိမ်းပိုက်လိုက်ပြီး သီပေါမင်း စုဖုရားလတ်နဲ့ နန်းတွင်းဝန်ထမ်းတွေကို အိန္ဒိယနိုင်ငံ ရတနာဂီရိမြို့ကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

သီပေါဘုရင်ဟာ ၁၉၁၆ ခုနှစ် အသက် ၅၇ နှစ်အရွယ်မှာ နှလုံးရောဂါနဲ့ နတ်ရွာစံခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။