ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို ရန်ကုန်မှာ ဆန္ဒပြ

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိန်ကို မဲဆန္ဒရှင်တွေက ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ဒေသခံ လူအင်အား ၁၅၀ ကျော်က ဒီကနေ့ ညနေ ၃နာရီက ကြည့်မြင်တိုင်မြို့နယ်မှာ ဆန္ဒပြခဲ့ကြပါတယ်။

2012.12.23

ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို ကန့်ကွက်တဲ့အတွက် ရွေးချယ်ပွဲ ပျက်သွားတာနဲ့ ပတ်သက်ပြီး ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်ကို အမတ်အဖြစ်ကနေ ရုပ်သိမ်းပေးဖို့ထိ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ ကိုထွန်းထွန်းကျော်က RFA ကို ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြသူတွေဟာ  ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းထိပ်ကနေ အထက်ကြည့်မြင်တိုင်လမ်း၊ အောက်ကြည့်မြင်တိုင်လမ်း။ သီတာလမ်း၊ ကမ်းနားလမ်း၊ ဗားကရာလမ်းထိ တစ်နာရီကျော်ကြာ လမ်းလျှောက် ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။

ဒီကနေ့ ကြည့်မြင်တိုင်မြို့နယ်မှာ ကျင်းပခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို မဲဆန္ဒရှင်တွေက ကန့်ကွက်ရှုတ်ချဆန္ဒပြတာဟာ ပထမဆုံး အကြိမ် ဖြစ်ပြီး၊ဒီဆန္ဒပြပွဲကို သက်ဆိုင်ရာမြို့နယ်ရဲစခန်းရဲ့ ခွင့်ပြုချက်နဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။