မြန်မာသတင်းမီဒီယာသမားတချို့ တရုတ်ပြည်လေ့လာရေးခရီး သွားရောက်
2012.12.23
ဒီခရီးစဉ်မှာ လျှပ်တစ်ပြက်ဂျာနယ်၊ နေပြည်တော်တိုင်းဂျာနယ်နဲ့ မန္တလေးတိုင်းဂျာနယ် စတဲ့ သတင်းမီဒီယာ ၁၁ ခု က သတင်းသမားတွေပါဝင်ကြပါတယ်။ ယခင် အစိုးရအဖွဲ့နဲ့နီးစပ်တဲ့ ခေါ်ဆောင်သွားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
တရုတ်ပြည် လေ့လာရေးခရီးစဉ်အဖြစ် မီဒီယာသမားတွေကို စေလွှတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌ ဦးဌေးဦးက RFA ကို အခုလိုပြောပါတယ်။
"တရုတ်နိုင်ငံမှာ ကျင့်သုံးနေတဲ့ နိုင်ငံရေးလမ်းကြောင်းနဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာကျင့်သုံးနေတဲ့ နိုင်ငံရေးလမ်းကြောင်းက မတူပါဘူး၊ ကိုယ့်နိုင်ငံနဲ့ကိုယ် အကောင်းဆုံးဖြစ်တဲ့လမ်းကြောင်းကို ရွေးပြီးဆာင်ရွက်တာပဲဖြစ်ပါတယ်၊ အဲလိုဆောင်ရွက်တဲ့နေရာမှာ အခက်အခဲအတားအဆီးတွေ နေရာတိုင်းမှာရှိနိုင်ပါတယ်၊ ဒါကြောင့် ဒီလိုအတားအဆီးတွေကို ဘယ်လိုကျော်လွှားပြီးတော့မှ အောင်မြင်မှုရအောင် လုပ်နိုင်ခဲ့လဲဆိုတာလေးတွေကို လေ့လာဖို့အတွက်ပါ"
တရုတ်ပြည်လေ့လာရေးခရီးစဉ်နဲ့ ပတ်သက်ပြီး အရင်အစိုးရအဖွဲ့နဲ့ နီးစပ်တဲ့ဂျာနယ်တွေကိုပဲ ရွေးချယ်ခေါ်ဆောင်သွားတယ်လို့ သတင်းမီဒီယာအသိုင်းအဝိုင်းမှာ ပြောဆိုနေကြပါတယ်။
အမည်မဖော်လိုသူ အယ်ဒီတာတစ်ဦးကတော့ ပြည်ပကိုသွားတဲ့ သတင်းမီဒီယာသမားတွေအနေနဲ့ ဘယ်ပုံစံမျိုးနဲ့သွားသွား မြန်မာမီဒီယာဆိုတဲ့ခေါင်းစဉ်အောက်က သွားရောက်တာဖြစ်တာကြောင့် မီဒီယာကျင့်ဝတ်ကို လေးစားလိုက်နာဖို့ အထူးလိုအပ်တယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံကို မီဒီယာလေ့လာရေး ခရီးစဉ်ပို့ဆောင်တာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဌ ဦးဌေးဦးကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |