ဖားကန့်ကျောက်စိမ်းတွင်းက တစ်နိုင်တစ်ပိုင် လုပ်စားသူတွေကို ဒေသခံရဲက နှင်ထုတ်

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်း တွင်းဒေသ မှော်စီစာကျေးရွာ ပတ်ဝန်းကျင်က ကျောက်စိမ်း လုပ်ကွက်တစ်ချို့ရဲ့ စွန့်ပစ်မြေ စာပုံတွေမှာ တနိုင်တပိုင် ရွှေတူးဖော် လုပ်ကိုင်နေသူတွေကို ဒီကနေ့မနက်က ဖားကန့်မြို့ နယ် လုံးခင်းအခြေစိုက် ရဲဝန်ထမ်း ၂၀ လောက်က လုပ်ကွက်တွေထဲကနေ မောင်းထုတ်ခဲ့ပြီး စုစုပေါင်း သိန်း ၂၀၀ လောက်တန်ဖိုးရှိတဲ့ ရေစုပ်စက် ၁၁ လုံး ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

2012.12.23
police-guards305 လုံခြုံရေးယူနေသည့် ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။
Photo: RFA/Kyaw Htoon Naing

ဒီကနေ့ ဖြစ်ရပ်ဟာ ဖားကန့်မြို့နယ် မှော်စီစာကျေးရွာနားက ရတနာစိမ်း ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ နဲ့ စံတော်ဝင် ကုမ္ပဏီ လုပ်ကွက်နှစ်ခုကြားက စွန့်ပစ်မြေစာပုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ကျောက်စိမ်းလုပ်ကွက် စွန့်ပစ်မြေစာပုံတွေမှာ တစ်နိုင်တစ်ပိုင် လုပ်ကိုင်သူ ဒေသခံတစ်ဦးက RFA ကိုအခုလို ပြောပါတယ်။

"မနက် ၈ နာရီလောက်က လုံးခင်းအခြေစိုက် ရဲအယောက်နှစ်ဆယ်က လူတွေကိုမောင်းထုတ်ပြီးတော့ စက် ၁၂ လုံးကို မီးပုံရှို့တယ်။တစ်ချို့ရဲတွေက တစ်ချို့တဲတွေကဆီက အကျီၤအဝတ်အစားနဲ့မှတ်ပုံတင်တွေကို သိမ်းလိုက်တယ်။တဲကိုမီးမရှို့စေချင်ရင် ပိုက်ဆံပေးရမယ်ဆိုပြီး ပိုက်ဆံတောင်းတယ်။ညနေသုံးနာရီမှပဲ ပြန်သွားတယ်ဗျ"

မှော်စီစာကျေးရွာ ပတ်ဝန်းကျင် အခြေစိုက် ကျောက်တူးဖော်ရေး ကုမ္မဏီတွေက မလိုချင်တော့တဲ့ စွန့်ပစ်မြေစာပုံတွေမှာ တနိုင်တပိုင် လုပ်ကိုင်နေသူ အနည်းဆုံး နှစ်သောင်းကျော်လောက် ရှိမယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။