သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-09-28
စစ်ကောင်စီတပ်သားတွေက ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ဂျိုင်သာရွာက နေအိမ်တွေကို စက်တင်ဘာ ၂၈ ရက် ဒီကနေ့ မနက်ပိုင်းမှာ ဖျက်ဆီးဖယ်ရှားခဲ့တယ်လို့ ဂျိုင်သာရွာဒေသခံတွေက RFA ကို ပြောပါတယ်။
2022-09-28
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်နဲ့ ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်တွေအတွင်း စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲကြောင့် ကလေးငယ် သုံးဦး အပါအဝင် အရပ်သား ၁၀ ဦးသေဆုံးပြီး ၂၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) စက်တင်ဘာ၂၈ ရက် ဒီကနေ့ထုတ် ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။
2022-09-27
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့နောက် ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ကြောင့် ပြည်တွင်းပြည်ပ ခရီးသွား တွေ မရှိသလောက်ဖြစ်နေပြီး၊ သူတို့ကိုအားကိုးနေရတဲ့ မွန်ပြည်နယ် ဘီလူးကျွန်းက ရိုးရားလက်မှုလုပ်ငန်းတွေလည်း အရောင်းအဝယ်မဖြစ်ဘဲ စားဝတ်နေရေးပါ ခက်ခဲလာနေကြပါတယ်။
2022-09-27
သူ့ကို အင်းစိန်ထောင်အထူးတရားရုံးမှာ ဖွင့်လှစ်ထားတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံးကနေ အမိန့်ချမှတ်လိုက်တာဖြစ်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း ဗဟန်းမြို့နယ်တရားရုံးကနေ ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ်သုံးနှစ် ချခဲ့ပြီးဖြစ်တာမို့ စုစုပေါင်း ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံရတာ ဖြစ်ပါတယ်။
2022-09-27
ပူတာအိုမြို့နယ်၊ နောင်မွန်မြို့နယ်မှာ အလုပ်အကိုင်ရှားပါးတဲ့အတွက် ဒေသခံအများစုက လမ်းခရီးနဲ့ ရာသီဥတု ကြမ်းတမ်းတဲ့ ရေခဲတောင်ဒေသတွေမှာ ဆေးမြစ်ရှာတာကို အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်ကြတာဖြစ်ပါတယ်။
2022-09-27
အာဏာသိမ်းစစ်ကောင်စီရဲ့ ဘေးက လွတ်ကင်းအောင် သူမကို အားပေးကူညီခဲ့ကြတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၊ ထိုင်းနဲ့ ကနေဒါနိုင်ငံတွေရဲ့ ကျေးဇူးကို ဒီတစ်သက်မှာသူ မမေ့တော့ပါဘူးလို့လည်း ဟန်လေးက RFA ကို ပြောပါတယ်။
2022-09-27
ကလေးငယ်တွေ အပါအဝင် လူ ၁၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ တိုက်ခိုက်မှုမှာ ရာဇဝတ်ကြောင်းအရ တာဝန်ရှိသူတွေကို ဖော်ထုတ်နိုင်အောင် အချက်အလက်တွေ စုဆောင်းနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က စက်တင်ဘာလ ၂၇ ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။
2022-09-27
၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာရဲ့အရေးယူဒဏ်ခတ်မှုတွေကြား နိုင်ငံခြားအရန်ငွေကြေး လျော့နည်းတာ၊ ငွေကြေးဖောင်းပွမှု မြင့်တက်လာတာတွေကြောင့် မကြာခဏ မီးပျက်တာ၊ ကုန်ပစ္စည်းရှားပါးတာတွေနဲ့အတူ စီးပွားရေးနာလန်ထူမှုမှာ ထိခိုက်နေတာဖြစ်ပါတယ်။
2022-09-27
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ အတုအယောင်ဆွေးနွေးပွဲဖြစ်လို့ တိုင်းရင်းသားလက်နက်ကိုင်တွေ မတက်ဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၅၆၇ ဖွဲ့က စက်တင်ဘာ ၂၆ ရက် မနေ့က အိတ်ဖွင့်ပေးစာပို့ တိုက်တွန်းလိုက်ပါတယ်။
2022-09-27
စစ်ကောင်စီဥက္ကဋ္ဌနဲ့ SSPP ခေါင်းဆောင်တွေ စက်တင်ဘာ ၂၆ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံချိန် တိုက်တွန်းခဲ့တာလို့ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆုက ပြောပါတယ်။
2022-09-27
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ ဆယ်ကျော်သက်ကနေ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ်တွေ ဦးဆောင်ပြီး နှင်းဆီရောင် အမျိုးသမီးသပိတ် လှုပ်ရှားမှုကို စစ်အာဏာသိမ်းပြီး ခြောက်လကျော်အကြာ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့က စတင်လုပ်ဆောင်ခဲ့တာမို့ အခုဆိုရင် တစ်နှစ်ကျော်လာပါပြီ။
2022-09-27
ဦးအောင်ဌေးဦးက ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို ငွေကြေးထောက်ပံ့တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ၁၀ ဦးခန့်က ဖမ်းဆီးသွားတာလို့ မိုးကောင်းမြို့နယ် ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောပါတယ်။
2022-09-27
ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြိုခွင်းခံရပြီး စစ်တပ်ကအာဏာသိမ်းထားချိန် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို စတင်ဖွဲ့စည်းခဲ့တာကြောင့် ဒီနေ့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့မှာ ၃၄ နှစ် ပြည့်သွားပါပြီ။
2022-09-27
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) သတင်းနဲ့ ပြန်ကြားရေးအဖွဲ့ဝင် ကိုသော်ဇင်ဦးကို စက်တင်ဘာလ ၂၃ ရက်က စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးပြီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-09-27
စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ပြီးခဲ့တဲ့ ဩဂုတ်လနဲ့ အခုစက်တင်ဘာလတွေမှာ မိုဘိုင်း ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေကို တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ကန့်သတ်လာပြီးနောက် မိုဘိုင်းငွေကြေး စနစ်အပေါ် ယုံကြည်မှု လျော့နည်းလာပြီလို့ အသုံးပြုသူတွေနဲ့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတွေက ပြောပါတယ်။