မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာ NLD ပါတီ ဥက္ကဋ္ဌ ဖမ်းဆီးခံရ

2022.09.27
မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာ NLD ပါတီ ဥက္ကဋ္ဌ ဖမ်းဆီးခံရ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဦးအောင်ဌေးဦးကို တွေ့ ရစဉ်။
Photo: U Aung Htay Oo Facebook

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဦးအောင်ဌေးဦးကို စစ်ကောင်စီတပ်သားတွေက စက်တင်ဘာလ ၂၅ ရက် နေ့လယ်ပိုင်းမှာ နေအိမ်အထိ လာရောက်ဖမ်းဆီးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဦးအောင်ဌေးဦးက ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို ငွေကြေးထောက်ပံ့တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ၁၀ ဦးခန့်က ဖမ်းဆီးသွားတာလို့ မိုးကောင်းမြို့နယ် ကချင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောပါတယ်။

“အဓိက ကတော့ PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ သတင်းပေးပို့ချက်နဲ့ ဖမ်းတယ်။ အခုအချိန်အထိတော့ ရိုက်နှက်စစ်ဆေးတာမျိုး မလုပ်သေးဘူးလို့ သိရတယ်။ မိသားစု ဝင်တွေ နဲ့လည်း တွေ့ခွင့်ရတယ်”

ဦးအောင်ဌေးဦးကို မိုးကောင်းမြို့နယ်ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားပေမယ့် ပုဒ်မတပ် အမှုဖွင့်တာတွေ မလုပ်သေးဘူးလို့ ဦးဝင်းနိုင်က ပြောပါတယ်။

အာဏာသိမ်းပြီးနောက် မိုးကောင်းမြို့နယ်မှာ ဦးအောင်ဌေးဦး အပါအဝင် NLD ပါတီဝင် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ သူက ပြောပါတယ်။

NLD ပါတီက ပြုစုထားတဲ့ စာရင်းအရ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေအပါအဝင် နိုင်ငံတစ်ဝန်းက ပါတီဝင် ၉၇၀ ကျော် အဖမ်းခံထားရပြီး အဲဒီအထဲမှာ လွှတ်တော်အမတ် ၁၀၃ ဦး ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။