သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-09-25
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက အတွင်းရေးမှူး ဦးဝင်းမြင့် ဦးဆောင်တဲ့အဖွဲ့ဟာ ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ တာမွေမြို့နယ် တရားရုံးကို ကော်မတီရဲ့ ပထမဆုံး တရားရုံးလေ့လာမှု ခရီးစဉ်အဖြစ် သွားရောက်ခဲ့ကြပါတယ်။
2012-09-25
ရုပ်မြင်သံကြားနဲ့ အသံလွှင့် မီဒီယာလုပ်ငန်းတွေအတွက် ရုပ်သံမီဒီယာဥပဒေမူကြမ်း ရေးဆွဲရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဒီကနေ့ ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ ကျင်းပတဲ့ ပြည်သူ့ဝန်ဆောင်မှု မီဒီယာဆွေးနွေးပွဲမှာ ပြောကြားလိုက်ပါတယ်။
2012-09-25
ရခိုင်ပြည်နယ်တစ်ခုလုံးက လူထုကိုယ်စားလှယ်တွေနဲ့ ပညာရှင်တွေပါဝင်တဲ့ ရခိုင်ဒေသ လူထုအစည်းအဝေးတစ်ရပ်ကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့ အောင်မြေဗောဓိ အလိုတော်ပြည့်ကျောင်းမှာ ဒီကနေ့ မနက် ၈ နာရီက စတင်ကျင်းပခဲ့ပါတယ်။
2012-09-25
ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်က ဂျာနယ်အင်တာဗျူး တစ်ခုမှာ ABSDF ကျောင်းသားဟောင်းတွေဖြစ်တဲ့ ကိုနေဝင်းအောင်နဲ့ကိုစိုးလင်းတို့ကို ထောက်လှမ်းရေးတွေလို့ ပြောဆို ဖြေကြားထားတာနဲ့ ပတ်သက်ပြီး ကိုနေဝင်းအောင်နဲ့ ကိုစိုးလင်းတို့ရဲ့ မိသားစုဝင် အပါအဝင် အဲဒီကာလက နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတချို့က သူတို့နှစ်ဦးဟာ ထောက်လှမ်းရေးတွေ မဟုတ်ကြောင်း ပြန်လည်ရှင်းလင်းပွဲကို ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံလမ်းက မစ္စတာဘရောင်းကဖေးမှာ ပြုလုပ်ခဲ့ပါတယ်။
2012-09-25
ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့ခံပြည်သူ လူဦးရေ ၈၀၀ ခန့်က ချင်းအမျိုးသားတပ်ဦး (CNF) ရုံးခန်းဖွင့်မှာကို ဆန့်ကျင်တဲ့အနေနဲ့ ဒီကနေ့မနက် (၁၁) နာရီက တစ်နာရီကြာ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
2012-09-25
စစ်အစိုးရလက်ထက် တလျှောက်လုံး ထုတ်ဝေခွင့် မပြုခဲ့တဲ့ မြန်မာနိုင်ငံ ပါလီမန်ဒီမိုကရေစီခေတ် ဝန်ကြီးချုပ်ဟောင်း ဦးနု ရေးသားထားတဲ့ တာတေစနေသား စာအုပ်ကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ HOME ခန်းမမှာ ဒီကနေ့ မိတ်ဆက် ဖြန့်ချိလိုက်ပါတယ်။
2012-09-25
လက်ရှိအချိန်အခါဟာ မြန်မာနိုင်ငံဒီမိုကရေစီရေးမှာ ပြည်ပအကူအညီနဲ့ အထောက်အပံ့ အလိုအပ်ဆုံး အချိန်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။
2012-09-24
ပဲခူးမြို့ အကျဉ်းထောင်မှာ ထောင်ကျနေသူ အကျဉ်းသား ဦးလှမိုးကို ထောင်မှူး ဦးကျော်စွာသင်းက ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့တဲ့အတွက် အကျဉ်းသားရဲ့ဇနီးဖြစ်သူ မခင်ကြည်ကြည်ချိုက ပဲခူးထောင် ညွှန်မှူး ဦးနိုင်ဝင်း၊ ဦးစီးအရာရှိ ဦးသိန်းစိုး၊ ထောင်ပိုင် ဦးဝင်းတင်တို့ကို မနေ့မနက်က တွေဆုံ တိုင်ကြားခဲ့ပါတယ်။
2012-09-24
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်က ကံကြီးကုန်းရွာနဲ့ ဇီးအုပ်ရွာက ရွာသားတွေဟာ ကျူးကျော်နေထိုင်သူတွေအဖြစ် သတ်မှတ်ခံရပြီး မန္တလေးမြို့တော်ဝန်က ကျူးကျော်နေအိမ်တွေ ဖျက်သိမ်းဖို့ တစ်ပတ်အချိန် ပေးထားတဲ့အပေါ် မစိုးရိမ် တိုက်သစ် ဓမ္မသဟာယကျောင်း နာယက၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် ဦးဝီရသူက ကံကြီးကုန်း စိတ္တသုခ ဘုန်းတော်ကြီးကျောင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး နိုင်ငံတော်သမ္မတဆီ စာတင်လိုက်တယ်လို့ သိရပါတယ်။
2012-09-24
မြန်မာနိုင်ငံက သွင်းကုန်တွေအပေါ် ပိတ်ဆို့ကန့်သတ်ချက်တွေကို အမေရိကန်ပြည်ထောင်စုဘက်က အမြန်ဆုံး ရုပ်သိမ်းနိုင်လိမ့်မယ်လို့ သမ္မတ ဦးသိန်းစိန်က သူရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း မျှော်လင့်ထားကြောင်း သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။
2012-09-24
ရန်ကုန်တိုင်း၊ ဝါးတစ်ရာစက်မှုဇုန်မှာရှိတဲ့ တော်ဝင် သစ်အချောထည် စက်ရုံမှာ စက်ရုံဝင်းအတွင်းရော အပြင်မှာပါ အလုပ်သမား ၄၀၀ နီးပါးလောက်က အလုပ်ရှင်၊ အလုပ်သမားကြား နှစ်ဖက်သဘောတူ ချုပ်ဆိုထားတဲ့ အချက် (၈) ချက်ပါဝင်တဲ့ စာချုပ်ကို အလုပ်ရှင်ဘက်က မလိုက်လျောလို့ ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2012-09-24
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် တောင်းဆိုလွှာမှာ ဖားကန့်ဒေသခံတွေရဲ့စုပေါင်းလက်မှတ်ရေးထိုးမှု သောင်းဂဏန်းအထိ ရလာပြီဖြစ်ပြီး ဖားကန့်အပြင် မိုးကောင်း၊ ခန္တီး၊ နမ္မတီး စတဲ့ဒေသတွေကပါ ပူးပေါင်း လက်မှတ်ရေးထိုးကြမယ်လို့ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ RFA ကို ပြောပါတယ်။
2012-09-24
ဖားကန့်ဒေသခံ ပြည်သူတွေက (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့ကို ဖားကန့်ဒေသမှာ ရုံးစိုက်ပေးစေချင်တယ်လို့ တောင်းဆိုကြတဲ့အတွက် ပြည်သူတွေရဲ့ ဆန္ဒအတိုင်း စီစဉ်ပေးဖို့ရှိတယ်လို့ ရန်ကုန်မြို့က (၈၈) မျိုးဆက် ကျောင်းသားများ ရုံးခန်းမှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က RFA ကို ပြောပါတယ်။
2012-09-24
နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ပါဝင်လာခြင်းမရှိသူ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကွန်ယက် HRDP ခေါင်းဆောင် ဦးမြင့်အေး လွတ်မြောက်ရေး လှုပ်ရှားမှုကို စတင်ဆောင်ရွက်နေပြီလို့ HRDP အဖွဲ့က ထုတ်ပြန်ပါတယ်။
2012-09-24
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းမှာရှိတဲ့ မိုင်းနား၊ လဝမ်၊ ရွှေကျင်၊ နောင်တာလော အစရှိတဲ့ ကျေးရွာ ၁၇ ရွာက တောင်သူတွေ လက်ငုတ် လက်ရင်း လုပ်ကိုင်လာတဲ့ လယ်ယာဥယျာဉ်ခြံမြေ ဧက ၄၅၀၀ ကျော်ပေါ်မှာ ကချင်ပြည်နယ် အစိုးရရဲ့ စက်မှုဇုန်၊ ကုန်သွယ်မှုဇုန်နဲ့ အိမ်တွင်းမှုလုပ်ငန်းများ အကောင်အထည်ဖော်မဲ့ စီမံကိန်းကို တခြားနေရာကို ပြောင်းရွှေ့ပေးဖို့ တောင်သူတွေ အားလုံးက ဒီကနေ့ ဆန္ဒဖော်ထုတ် တောင်းဆိုလိုက်ကြပါတယ်။