သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-05-29
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရင်းနှီးမြုှပ်နှံထားတဲ့ စီးပွားရေးလုပ်ငန်း ၃ ခုကို တိုင်းစာရင်းစစ်ချုပ် ရုံးကနေ စစ်ဆေးပြီး လွှတ်တော်ထံတင်ပြပေးဖို့ ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းရဲ့ အဆိုကို ဒီနေ့ တိုင်းဒေသလွှတ်တော်မှာ ကိုယ်စားလှယ် ၄ဦးက ဆွေးနွေးပြီး လာမယ့် ဇွန်လ ၄ရက်နေ့မှာ အတည်ပြုချက် ရယူတာတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
2018-05-29
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ကယားပြည်နယ်၊ ရှားတောမြို့နယ်အတွင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီဝင် ၃ ဦးနဲ့ဒေသခံ ၁ ဦးအသတ်ခံရမှုကို အစိုးရတပ်မတော်က ခုံရုံးဖွဲ့စစ်ဆေးနေရာ မှာ လူသတ်မှုဖြစ်စဉ်အတွင်း လွတ်မြောက်ခဲ့တဲ့ KNPP တပ်သားတစ်ဦးနဲ့ ဗဟိုကော်မတီဝင် တစ်ဦးကို သက်သေအဖြစ်ထွက်ဆိုပေးဖို့ အစိုးရတပ်မတော်ဘက်က တောင်းဆိုထားပါတယ်။
2018-05-29
တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကျင်းပဖို့ နှောင့်နှေးနေတာဟာ တပ်မတော်ကြောင့် မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး က ဒီနေ့ ပြောပါတယ်။
2018-05-29
မန္တလေးတိုင်းဒေသကြီးအတွင်း ထန်းပင်တွေကို ခုတ်လှဲရောင်းချနေတာတွေကို တားမြစ်ဖို့အတွက် ဒေသန္တရ အမိန့်ထုတ်ပြန်ချက်တွေကို မြို့နယ်အလိုက် အထွေထွေအုပ်ချုပ်ရေးရုံးတွေထံ တိုင်းအစိုးရအဖွဲ့က ပေးပို့ထားပါတယ်။
2018-05-29
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဖဒူကျေးရွာအုပ်စုမှာ မနက်ဖြန်ကျင်းပပြုလုပ်ဖို့စီစဉ်ထားတဲ့ ရခိုင်အမျိုးသားနေ့ အခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့်မပြုတဲ့အတွက်ဖျက်သိမ်းလိုက်ရတယ်လို့ ပွဲစီစဉ်သူတွေက ဒီနေ့ ပြောပါတယ်။
2018-05-29
ရိုက်တာ သတင်းထောက်နှစ်ယောက်ကို စွပ်စွဲထားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ ပတ်သက်လို့ ရုံးတော်မှာ ရဲအရာရှိရဲ့ တင်ပြချက်ဟာ လျှို့ဝှက်ချက်စာရွက်စာတမ်းတွေ မဟုတ်ဘူးလို့ ရှေ့နေကပြောပါတယ်။
2018-05-29
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ဒီနေ့ ညပိုင်းမှာ ရခိုင်ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့ကြားကနေ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီကို ၄၅ မိုင်ကနေ မိုင် ၅၀ ထိ တိုက်ခတ်ပြီး ဖြတ်ကျော် ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။
2018-05-29
ရာထူးကနေ နုတ်ထွက်သွားတဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း နေရာမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုစီးပွားရေး ကော်မတီဝင် ဦးစိုးဝင်းကို အစားထိုးခန့်အပ်ဖို့ နိုင်ငံတော် သမ္မတက ၂ဝ၁၈ မေလ ၂၈ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကို အမည်စာရင်း တင်သွင်းလိုက်ပါတယ်။
2018-05-29
Ramadan လို့ခေါ်တဲ့ တစ်ကမ္ဘာလုံးက အစ္စလာမ်ဘာသာဝင်တွေအတွက် သတ်မှတ်ထားတဲ့ ဥပုသ်လဟာ ဒီနှစ် မေလအတွင်းမှာ ကျရောက်ပြီး မြန်မာနိုင်ငံမှာတော့ မေလ ၁၇ ရက်နေ့က စတင်ပါတယ်။
2018-05-29
ရန်ကုန်တိုင်းအစိုးရ တည်ထောင်လိုက်တဲ့ ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် NYDC နဲ့ တရုတ်နိုင်ငံက China Communications and Construction Company- စီလေးလုံးကုမ္ပဏီတို့ ပူးတွဲ အကောင်အထည်ဖော်မယ့် “ရန်ကုန်မြို့သစ်စီမံကိန်း” အပေါ် လေ့လာသူတွေက ဝေဖန်နေကြပါတယ်။
2018-05-29
ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် သီလဝါကျေးရွာအနီးက လယ်မြေဧက တစ်ရာလောက်မှာ စီမံကိန်း အကောင်အထည်ဖော်မယ့် ဦးပိုင်ကုမ္ပဏီနဲ့ ဒေသခံ လယ်သမားတွေအကြား မြေယာအငြင်းပွားမှု ဖြစ်ပွားနေပါတယ်။
2018-05-29
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်အတွင်း မှာ တရားမဝင် သစ်လုပ်ငန်းတွေကို အဖွဲ့အစည်းနဲ့ လုပ်ကိုင်နေကြပြီး ဌာနဆိုင်ရာဝန်ထမ်းတွေကပါ ပူးပေါင်းပါဝင်ကာ လာဘ်ပေး၊ လာဘ်ယူမှုတွေ ရှိနေတယ်လို့ သာပေါင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မိုးဝါက ပြောပါတယ်။
2018-05-29
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်က ဘန်းချောင်း ကျောက်မီးသွေးစီမံကိန်းကြောင့် ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေကို နေပြည်တော် သတ္တုတွင်းဦးစီးဌာန တာဝန်ရှိသူတွေနဲ့ ဒီနေ့ တေ့ွဆုံစဉ် ဒေသခံတွေက တင်ပြလိုက်ပြီး စီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းပေးဖို့လည်း အရပ်ဖက်အဖွဲ့တွေနဲ့အတူ တောင်းဆိုလိုက်ပါတယ်။
2018-05-29
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ဖို့ ဒီနေ့အမည်စာရင်း တင်သွင်းခံရတဲ့ ဦးစိုးဝင်းဟာ အတွေ့အကြုံများသူဖြစ်တဲ့အတွက် မြန်မာ့စီးပွားရေးမှာ အပြောင်းအလဲကောင်းတွေဖြစ်လာနိုင်မယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ယူဆကြပြီး တဖက်မှာလည်း ဦးစိုးဝင်းဟာ အသက် ၈ဝ ခန့်ရှိပြီဖြစ်တာကြောင့် စွမ်းဆောင်မှုအပိုင်းမှာ လိုအပ်ချက်တွေရှိလာမှာကို စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။
2018-05-29
နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေ နဲ့ တရားစွဲဆိုခံနေရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးရဲ့အမှုကို မနေ့က ဆက်လက် စစ်ဆေးခဲ့ရာမှာ သူတို့နှစ်ဦးရဲ့ လက်ကိုင်ဖုန်းတွေကို ရဲတပ်ဖွဲ့က ရှာဖွေခွင့် ဝရမ်းမပါဘဲ ရယူစစ်ဆေးခဲ့တယ်လို့ သက်သေဖြစ်သူ ရဲအရာရှိ တစ်ဦးက ထွက်ဆိုခဲ့ပါတယ်။