သတင်းထောက်နှစ်ဦးအမှု ရဲသက်သေပြ စာရွက်စာတမ်းများ နိုင်ငံတော်လျို့ဝှက်ချက်များမဟုတ်
2018.05.29

ရိုက်တာ သတင်းထောက် နှစ်ယောက်ကို စွပ်စွဲထားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ ပတ်သက်လို့ ရုံးတော်မှာ ရဲအရာရှိရဲ့တင်ပြချက်ဟာ လျှို့ဝှက်ချက် စာရွက်စာတမ်းတွေ မဟုတ်ဘူးလို့ ရှေ့နေက ပြောပါတယ်။
တရားလို ရဲမှူး အောင်ကျော်ဆန်းက သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဆီက သိမ်းထားတဲ့ တယ်လီဖုန်း တွေကရတဲ့ သက်သေအထောက်အထားတွေဆိုပြီး တရားရုံးမှာ တင်ပြတာပါ။ အဲဒီလို တင်ပြတဲ့ သက်သေတွေဟာ မာန်အောင်ကျွန်း ခရီးသွားလုပ်ငန်းအကြောင်းတို့၊ ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးဝါး ဖမ်းမိတဲ့သတင်းတို့သာဖြစ်နေပြီး၊ မောင်တောဒေသ စစ်ဆင်ရေးနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ မဟုတ်ဘူးလို့ ပြောပါတယ်။
သတင်းထောက်တွေကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ဖမ်းတာဖြစ်တဲ့အတွက် တရားရုံးကနေ ကြိုတင် ခွင့်ပြုမိန့် တောင်းစရာမလိုလို့ တယ်လီဖုန်းကို ရှာဖွေသိမ်းဆည်းတဲ့အခါမှာ ရဲတပ်ဖွဲ့မှာ ရှာဖွေပုံစံ ဝရမ်းမရှိခဲ့ဘူးလို့ ရဲမှူး အောင်ကျော်ဆန်းက တရားရုံးမှာ ထွက်ဆိုတဲ့အကြောင်း ရိုက်တာ သတင်းမှာ ရေးသားထားပါတယ်။
ဒီလိုဆောင်ရွက်တာနဲ့ပတ်သက်လို့လည်း သတင်းထောက်တွေရဲ့ ရှေ့နေက ဥပဒေနဲ့ညီ မညီ မေးခွန်းထုတ်ထား တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ရှေ့နေ ဦးသန်းဇော်အောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထား ပါတယ်။