ဘန်းချောင်း ကျောက်မီးသွေးစီမံကိန်း ရပ်ဆိုင်းဖို့ တောင်းဆိုမှုအကြောင်း မေးမြန်းချက်
2018.05.29
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်က ဘန်းချောင်း ကျောက်မီးသွေးစီမံကိန်းကြောင့် ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေကို နေပြည်တော် သတ္တုတွင်းဦးစီးဌာန တာဝန်ရှိသူတွေနဲ့ ဒီနေ့ တေ့ွဆုံစဉ် ဒေသခံတွေက တင်ပြလိုက်ပြီး စီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းပေးဖို့လည်း အရပ်ဖက်အဖွဲ့တွေနဲ့အတူ တောင်းဆိုလိုက်ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ တာကပေါအဖွဲ့က မနော်ပီသလော ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။