စီမံ ဘဏ္ဍာ ဝန်ကြီး အမည် တင်သွင်းမှုအပေါ် မေးမြန်းချက်
2018.05.29
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ဖို့ ဒီနေ့အမည်စာရင်း တင်သွင်းခံရတဲ့ ဦးစိုးဝင်းဟာ အတွေ့အကြုံများသူဖြစ်တဲ့အတွက် မြန်မာ့စီးပွားရေးမှာ အပြောင်းအလဲကောင်းတွေဖြစ်လာနိုင်မယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ယူဆကြပြီး တဖက်မှာလည်း ဦးစိုးဝင်းဟာ အသက် ၈ဝ ခန့်ရှိပြီဖြစ်တာကြောင့် စွမ်းဆောင်မှုအပိုင်းမှာ လိုအပ်ချက်တွေရှိလာမှာကို စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။
မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ရဲ့ ဒုဥက္ကဋ္ဌ ဦးမောင်မောင်လေး ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။