တိုင်းအစိုးရလုပ်ငန်းတွေကို စစ်ဆေးဖို့အဆို လွှတ်တော်မှာဆွေးနွေး


2018.05.29
yangon-parliament-622.jpg ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကျင်းပနေစဉ်
Photo: yangon hluttaw Facebook

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေးလုပ်ငန်း ၃ ခု ကို တိုင်းစာရင်းစစ်ချုပ်ရုံးကနေ စစ်ဆေးပြီး လွှတ်တော်ထံတင်ပြပေးဖို့ ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းရဲ့ အဆိုကို ဒီနေ့ တိုင်းဒေသလွှတ်တော်မှာ ကိုယ်စားလှယ် ၄ ဦးက ဆွေးနွေးပြီး လာမယ့် ဇွန်လ ၄ရက်နေ့မှာ အတည်ပြုချက် ရယူတာတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

အဲဒီအဆိုကို ပါဝင်ဆွေးနွေးခဲ့တဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း က  အခုလိုပြောပါတယ်။

"တိုင်းအစိုးရ က တာဝန်ခံပြီး ရင်းနှီးမြှုပ်နှံဖို့ တင်ပြထားတာဖြစ်တဲ့အတွက် စစ်ဆေးသင့်ကြောင်း ထောက်ပြခဲ့တယ်"

၂ဝ၁၆-၂ဝ၁၇ ခုနှစ်၊ ဖြည့်စွက်ဘဏ္ဍာရန်ပုံငွေမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က City Bank မှာ ၆၄ ဘီလီယံ ရင်းနှီးမြှုပ်နံှငွေ ထည့်ဝင်တာ၊  ခရီးသည်တင်မော်တော်ယာဉ် သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီမှာ ၇၀ ဘီလီယံ ထည့်ဝင်တာ၊ လယ်ယာမြေတွေ ပြုပြင်မယ့်လုပ်ငန်းအတွက် ကျပ်သန်း ၈ ထောင်နီးပါး ထည့်ဝင်သုံးစွဲတာ လွှတ်တော်က ခွင့်ပြုထားတာဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးက လာမယ့် ၂ဝ၁၈ ခုနှစ်၊ (၁)နှစ်ပြည့် အစီရင်ခံစာမှာ တင်ပြဆွေးနွေးပေးဖို့ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက အဆိုတင်ခဲ့တာဖြစ်ပါတယ်။

အဲဒီအဆိုကို ပြည်သူ့ငွေစာရင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဝင်းက ထောက်ခံခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။