သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-03-25
ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ရဲ့ အမွေဆိုင်ဖြစ်တဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို မူလကြမ်းခင်းဈေးကနေ ကျပ် ၂၇ ဘီလီယံလျှော့ချပြီး လေလံတင်ရောင်းချဖို့ ကမာရွတ်ခရိုင် တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
2025-03-25
နွားထိုးကြီးမြို့နယ် လက်ဝဲနဲ့ မြင်းနီရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။
2025-03-24
ရေစကြိုမြို့နယ် မြေတော်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းချိန် နေအိမ် ၂၇၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
2025-03-24
ပြည်ပအလုပ်အကိုင် အေဂျင်စီကတစ်ဆင့် လုပ်သားစေလွှတ်မဲ့အရေအတွက် ထိုင်းနိုင်ငံကို တစ်လ ငါးဆယ်ဦး၊ ဂျပန်နိုင်ငံအတွက် ၁၅ ဦးနဲ့ တောင်ကိုရီးယားနိုင်ငံအတွက် ဆယ်ဦးသာ တင်ပြဖို့ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ပါတယ်။
2025-03-24
မြန်မာနိုင်ငံဟာ တီဘီရောဂါ အများဆုံးဖြစ်ပွားနေတဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ ပါဝင်နေဆဲဖြစ်ကြောင်း နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF က ထုတ်ပြန်ပါတယ်။
2025-03-24
စစ်ကောင်စီတပ်က နိုင်ငံတစ်ဝန်း တိုက်ခိုက်မှုတွေ လုပ်နေတဲ့တစ်ချိန်တည်းမှာပဲ နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ရပ် ကျင်းပနေပါတယ်။
2025-03-24
မကွေးတိုင်း၊ စလင်းမြို့နယ် ကျပင်း(မြောက်)ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အရပ်သားလေးဦးရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2025-03-24
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ မတ် ၁၀ ရက်ကနေ ၁၇ ရက်နေ့အထိ တစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် ၂၄၀၀ နီးပါး တိုးလာခဲ့တယ်လို့ UNHCR က ထုတ်ပြန်ပါတယ်။
2025-03-23
နှမ်းခါးရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အရပ်သားတွေအတွက် တရားမျှတမှုရဖို့ ဆောင်ရွက်သွားမယ်လို့ NUG က ထုတ်ပြန်ပါတယ်။
2025-03-23
မြန်မာနိုင်ငံအတွက် လျှပ်စစ်မီး၊ အင်တာနက်နဲ့ လောင်စာဆီ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးမှာ မဟုတ်ကြောင်း ထိုင်းက ပြောပါတယ်။
2025-03-23
ထိုင်းနိုင်ငံမှာ ကျင်းပမဲ့ BIMSTEC ရဲ့ (၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မှာဖြစ်ပါတယ်။
2025-03-23
ထိုင်း-မြန်မာနယ်စပ် လုံခြုံရေး အခြေအနေတွေအကြောင်း ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က လွှတ်တော်အဆောက်အအုံမှာ နှစ်ရက်တာ ကျင်းပနေပါတယ်။
2025-03-22
ရိုဟင်ဂျာဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ လှေတစ်စင်း ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်ဖို့ ကြိုးပမ်းစဉ် Teknaf ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့ပြီး ရိုဟင်ဂျာ အများအပြား ပျောက်ဆုံးနေပါတယ်။
2025-03-22
ဂန့်ဂေါမြို့နယ် နှမ်းခါးရွာက ဆေးခန်းတစ်ခုကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၁ ဦး သေဆုံးခဲ့ပါတယ်။
2025-03-22
ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုးစားတည်ဆောက်နေပေမဲ့ ပြည်ပက စွက်ဖက်မှုတွေကြောင့် လက်နက်ကိုင်ပဋိပက္ခတွေ ဆက်ပြီးရှိနေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုပါတယ်။