မြန်မာမှာ တီဘီကုသမှု အတားအဆီးရှိနေကြောင်း MSF ထုတ်ပြန်

RFA Burmese
2025.03.24
မြန်မာမှာ တီဘီကုသမှု အတားအဆီးရှိနေကြောင်း MSF ထုတ်ပြန် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိ ဆေးဆိုင်တစ်ခုကို ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်းက စစ်ဆေးမှုများ လုပ်နေစဉ်။
MOI

မြန်မာနိုင်ငံဟာ တီဘီရောဂါ အများဆုံးဖြစ်ပွားနေတဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ ပါဝင်နေဆဲဖြစ်ကြောင်း နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF က မတ်လ ၂၄ ရက်နေ့ မှာ ထုတ်ပြန်ပါတယ်။

တီဘီဟာ ကုသလို့ ပျောက်ကင်းတဲ့ ရောဂါတစ်ခုဖြစ်ပေမဲ့ မြန်မာနိုင်ငံက တီဘီရောဂါ လူနာအများအပြားဟာ ကုသမှု လက်လှမ်းမီရနိုင်ဖို့ ကြိုးစားရုန်းကန်နေကြရတယ်လို့ ဆိုပါတယ်။

မြန်မာမှာ ရိုးရိုးတီဘီ၊ ဆေးယဉ်ပါးတီဘီ နဲ့ HIV နဲ့ ပူးတွဲဖြစ်ပွားတဲ့ တီဘီရောဂါတို့ သုံးမျိုးပေါင်း ဖြစ်ပွားတဲ့ဒဏ် ခံနေရတယ်လို့လည်း ဖော်ပြပါတယ်။

ကုသမှုမှာ အကန့်အသတ်ရှိခြင်း၊ ပဋိပက္ခဖြစ်ပွားမှုနဲ့ မတည်ငြိမ်ဖြစ်မှု၊ ဆေးဝါးထောက်ပံ့မှု၊ စီးပွားရေးအခက်အခဲ၊ ခွဲခြားနှိမ့်ချ ဆက်ဆံမှုနဲ့ ခက်ခဲတဲ့ ကုသမှု ခရီးလမ်း စတာတွေက မြန်မာမှာ တီဘီကုသမှု လက်လှမ်းမီရေးကို အဓိက အတားအဆီးဖြစ်နေတယ်လို့ ဆိုပါတယ်။

မရှိမဖြစ်လိုအပ်တဲ့ ကုသမှု မရတဲ့ တီဘီရောဂါ လူနာတွေရဲ့ ကျန်းမာရေးအတွက် MSF က စိုးရိမ်တယ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။