ရခိုင် မြို့နယ်သုံးခုမှာ ကျန်းမာရေးစောင့်ရှောက်မှု MSF ရပ်ဆိုင်း

RFA Burmese
2024.06.27
ရခိုင် မြို့နယ်သုံးခုမှာ ကျန်းမာရေးစောင့်ရှောက်မှု MSF ရပ်ဆိုင်း နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF Myanmar) အဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။
MSF Myanmar

ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တော မြို့သုံးမြို့မှာ ဆေးဘက်ဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေး ဆောင်ရွက်မှုတွေကို ရပ်ဆိုင်းလိုက်ပြီလို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF Myanmar) က ဇွန်လ ၂၇ ရက် ထုတ်ပြန်ပါတယ်။

ပဋိပက္ခ၊ အကြမ်းဖက်မှုနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးအပေါ် ကန့်သတ်မှုတွေ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြင့်တက်လာတာကြောင့် အခုလို ရပ်ဆိုင်းလိုက်တာလို့ ဆိုပါတယ်။

အဲဒီမြို့တွေကို ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်တော့ပေမဲ့ ကျန်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပြည်သူတွေနဲ့ လူနာတွေကိုတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆက်ပေးသွားမယ်လို့ MSF က ဖော်ပြပါတယ်။

ပဋိပက္ခဖြစ်ပွားမှုမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးကိုလည်း ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့အတွက် အာမခံချက်ပေးဖို့နဲ့ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံတွေနဲ့ ဝန်ထမ်းတွေကို လေးစားမှုရှိဖို့ MSF က တောင်းဆိုလိုက်ပါတယ်။

MSF အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ အပါအဝင် လူမျိုးစုအားလုံးကို အရေးပါတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေပေးနိုင်ဖို့ ရွှေ့လျားဆေးခန်း ၁၄ ခုကို ဖွင့်လှစ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။