သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-03-28
မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးစုတွေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ဖိနှိပ်ရက်စက်မှုတွေ အတွက် တပ်မတော်မှာတာဝန်ရှိတယ်လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးဆောင်ရွက်တဲ့ အဖွဲ့တွေနဲ့ ပညာရှင်တွေက ထောက်ပြကြပါတယ်။
2018-03-28
ဖမ်းဆီးခံထားရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင် တို့ ရင်ဆိုင်နေရတဲ့အမှုတွေကို စစ်တွေခရိုင်တရားရုံးမှာ တစ်ပေါင်းတစ်စည်း တည်း စစ်ဆေးပေးဖို့ တရားစွဲဆိုခံထားရသူတွေဘက်က တင်ပြထားတာကို စစ်တွေခရိုင်တရားရုံးက လာမယ့် ဧပြီလ ၄ ရက်နေ့မှာ အမိန့်ချမယ်လို့ ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2018-03-28
ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်တွေအပေါ် မတ်လ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရုပ်ရှင်အကယ်ဒမီ ဆုပေးပွဲမှာ အကောင်းဆုံးအသံဆု အကယ်ဒမီ ရရှိခဲ့တဲ့ စန္ဒရား ဦးတင်ဝင်းလှိုင်ရဲ့ ပြောကြားချက်တွေဟာ မဟုတ်မှန်ကြောင်း ဒီကနေ့ ရန်ကုန်မြို့၊ ပြည်လမ်း၊ ဟံသာဝတီအဝိုင်းနားက မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဝန်းမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2018-03-28
၂၀၁၄ ခုနှစ်ကနေ လက်ရှိအချိန်အထိ မြန်မာ့တွင်းထွက် ကျောက်စိမ်းကနေ ရရှိတဲ့အခွန်ငွေ ကျပ်သန်းပေါင်း ၅ သောင်းကျော်ရှိကြောင်း ကချင်ပြည်နယ် သယံဇာတ နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး က ဒီနေ့ ပြောပါတယ်။
2018-03-28
တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ပျိုးခွင့် လျှောက်ထားပြီး မစိုက်ပျိုးနိုင်တဲ့ မြေဧက ၂ သိန်းကျော်ကို ပြန်လည်သိမ်းယူမယ်လို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင် တာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောပါတယ်။
2018-03-28
ထားဝယ် အထူးစီးပွားရေးဇုန်ရဲ့ ကနဦး စီမံကိန်းလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ဆန်းစစ်မှု အစီရင်ခံစာတွေ လူမှုပတ်ဝန်းကျင် ဆန်းစစ်မှု အစီရင်ခံစာတွေနဲ့ ပတ်သက်တဲ့ ပြည်သူကြားနာပွဲကို ဒီနေ့ ထားဝယ်အထူးစီးပွားရေးဇုန် ရှင်းလင်းဆောင်မှာ ပြုလုပ်ခဲ့ပါတယ်။
2018-03-28
သက်သေထွက်ဆိုချက်တွေ မပြည့်စုံတဲ့အတွက် ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် ၂ ဦးကို လွှတ်ပေးဖို့ တရားရုံးတော်ကို သတင်းထောက် ၂ ဦးရဲ့ ရှေ့နေတွေက လျှောက်ထားခဲ့ ပါတယ်။
2018-03-28
တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ တရားစွဲဆိုထားတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားသူကြီး ဦးချစ်ကိုကိုက ဒီပုဒ်မအတွက် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ “အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်” ချမှတ်လိုက်ပါတယ်။
2018-03-28
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်က ကိုက်လန်စိုက်တောင်သူတွေဟာ နှစ်စဉ်နွေရာသီရောက်တိုင်း သီးနှံပိုးကျတဲ့ဒဏ်နဲ့ ရင်ဆိုင်နေကြရပါတယ်။
2018-03-28
ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ ၁၀ ဦးမြောက် သမ္မတအဖြစ် ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၄၀၃ ဦးက မဲပေး ရွေးချယ်လိုက်ပါတယ်။
2018-03-28
ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတ ရွေးချယ်ပွဲ ဒီနေ့ မနက် ၁၀ နာရီက စတင်ကျင်းပနေပါတယ်။
2018-03-28
ဒီကနေ့ပြုလုပ်တဲ့ ၇၃ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေကို NCA စာချုပ်ကို လက်မှတ်ရေးထိုးဖို့ တိုက်တွန်း လိုက်သလို မဖြစ်နိုင်တာတွေ မတောင်းဆို ဖို့ ပြောဆိုခဲ့ပါတယ်။ ဒီပြောဆိုချက်ဟာ လက်တွေ့နဲ့ ကိုက်ညီမှု မရှိဘူးလို့ ဝေဖန်တာတွေ ရှိပါတယ်။
2018-03-27
မတ်လ ၉ ရက်နေ့က တနိုင်းမြို့နယ်အတွင်းမှာရှိတဲ့ ကေအိုင်အေတပ်ရင်း ၁၄ နေရာ ပြောင်းရွှေ့လိုက်ပြီးနောက် အစိုးရနဲ့နှစ်ဖက်တိုက်ပွဲတွေ ရပ်တန့်နေပေမယ့် တနိုင်းမြို့နယ်အပြင် ဆွမ်ပရာဘွမ်၊ ပူတာအိုနဲ့ ကေအိုင်အေတပ်ရင်း ၁၂ နဲ့ ၂၇ ရှိရာ ဗန်းမော်ဒေသတဝိုက်မှာ အစိုးရတပ်တွေ ရှိနေသေးတာကြောင့် စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ KIA ဘက်က ပြောပါတယ်။
2018-03-27
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဒေါင့်ချောင်းကျေးရွာက ရွာသား ၂ ဦးကို အမှုတစ်ခုနဲ့ဆက်စပ်ပြီး မသင်္ကာလို့ဖမ်းဆီးစစ်ဆေးရာမှာ လူ့အခွင့်အရေးချိုးဖောက်တာတွေ ပြင်းထန်စွာနှိပ်စက်ခဲ့တာတွေမှာ ပါဝင်ခဲ့တဲ့ ပိုးလောင်းကျေးရွာစခန်းမှူးနဲ့အဖွဲ့ကို အချုပ်ချပြီး ခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် စုံခုံဖွဲ့စစ်ဆေးနေပါတယ်။
2018-03-27
ပုဂံဒေသက ရှေးဟောင်းအမွေအနှစ်ဇုန်အတွင်း မြတ်မင်းကုမ္ပဏီက ဟိုတယ်ဆောက်နေတဲ့နေရာဟာ ရှုခင်းဧရိယာအဖြစ် သတ်မှတ်ထားတဲ့နေရာဖြစ်ပြီး ခိုင်မာတဲ့အဆောက်အဦးတွေ ဆောက်လို့မရကြောင်း မြန်မာအစိုးရနဲ့ ယူနက်စကိုတို့ အတည်ပြုချက်ရယူထားတဲ့ နေရာဖြစ်တယ်လို့ UNESCO ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုး က ပြောပါတယ်။