ရိုက်တာ သတင်းထောက်တွေကို လွှတ်ပေးဖို့ ရှေ့နေ လျှောက်ထား


2018.03.28
reuters-reporters-mar28-622.jpg ရိုက်တာ သတင်းထောက် ကိုသက်ဦးမောင်မောင် (ခေါ်) ဝလုံးကို ၂၀၁၈ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က ရုံးထုတ်လာသည်ကို တွေ့ရစဉ်
Photo: Htet Arkar/ RFA

သက်သေထွက်ဆိုချက်တွေ မပြည့်စုံတဲ့အတွက် ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် ၂ ဦးကို လွှတ်ပေးဖို့ တရားရုံးတော်ကို သတင်းထောက် ၂ ဦးရဲ့ ရှေ့နေတွေက လျှောက်ထားခဲ့ပါတယ်။

ဒီကနေ့ ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်တရားရုံးမှာ ရိုက်တာ သတင်းထောက် နှစ်ဦးအမှုကို စစ်ဆေးပြီးနောက် သတင်းထောက်နှစ်ဦးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က တရားရုံးတော်မှာ လျှောက်ထားခဲ့တာနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

"စွဲချက်မတင်ဘဲနဲ့ လွှတ်ပေးဖို့ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၅၂ အရ ကျနော်လျှောက်တာ၊ ကနဦးသက်သေခံ ချက်တော့ မပေါ်ပေါက်ဘူး၊ ဒီအဆင့်အထိ ၂၅ ယောက်မှာ ၁၇ ယောက်စစ်ပြီးပြီ၊ စွဲချက်လျှောက်လဲ ချက်တွေပေးတဲ့အထိ သက်သေကုန်တဲ့အထိမစစ်ဘဲနဲ့ အခုအဆင့်မှာတင် လွှတ်ပေးပါလို့ ကျနော်တောင်းတာပါ"

အဲဒီလျှောက်ထားချက်နဲ့ လာမယ့် ဧပြီလ ၄ ရက်နေ့မှာ ကြားနာမှာဖြစ်ပြီး ဧပြီလ ၁၁ ရက်နေ့မှာ အမိန့်ချမှာ ဖြစ်ပါတယ်။

ဒီနေ့အထိ တရားလိုပြသက်သေ ၁၈ ဦးကို စစ်ဆေးပြီးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။