နိုင်ငံတော်သမ္မတ ရွေးချယ်ပွဲ ကျင်းပ
2018.03.28

ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတ ရွေးချယ်ပွဲ ဒီနေ့ မနက် ၁၀ နာရီက စတင်ကျင်းပနေပါတယ်။
ဒုတိယသမ္မတ ၁ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူ နဲ့ လွှတ်တော်ဥက္ကဌဟောင်း ဦးဝင်းမြင့်တို့ထဲက တစ်ဦးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေက နိုင်ငံတော်သမ္မတအဖြစ် မဲပေးရွေးချယ်မှာဖြစ်ပါတယ်။
ဒီနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို တက်ရောက်သူ ၆၃၆ ဦးရှိပါတယ်။
သမ္မတရွေးချယ်ပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လေ့လာသူအဖြစ် တက်ရောက်နေပါတယ်။
ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးတချို့ နဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လား ဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌ သူရဦးရွှေမန်းတို့ကလည်း လေ့လာသူအဖြစ် တက်ရောက်ကြပါတယ်။