ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံနေရတဲ့ ရွေးကောက်ပွဲအမှု ဆက်လက်စစ်ဆေး
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူတို့ စွပ်စွဲခံထားရတဲ့ ရွေးကောက်ပွဲ မဲမသမာမှုနဲ့ ပတ်သက်လို့ မတ်လ ၄ ရက်နေ့ ဒီနေ့ နေပြည်တော် အထူးတရားရုံးမှာ တရားလိုပြ သက်သေတစ်ဦးကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီနေ့ စစ်ဆေးတဲ့ တရားလိုပြသက်သေဟာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူဖြစ်ပြီး ပြန်လှန်စစ်မေးချက် မပြီးလိုက်တဲ့ အတွက် နောက်တစ်ပတ် သောကြောနေ့ မတ်လ ၁၁ ရက်နေ့ကို ချိန်းဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေအားလုံးကို အာဏာသိမ်းစစ်ကောင် စီက သတင်းမီဒီယာတွေနဲ့ ပြောဆိုခွင့် ပိတ်ပင်ထားတဲ့အတွက် ဒီနေ့ စစ်မေးချက်အခြေ အနေ အသေးစိတ်ကို မသိရသေးပါဘူး။
ဒီနေ့ စစ်ဆေးတဲ့အမှုဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင် (UEC) အပေါ် မလျော်သြဇာသုံးတယ် ဆိုတဲ့ စွပ်စွဲချက်ဖြစ်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၃၀ - က အမှု ဖြစ်ပါတယ်။ ဒီအမှုကို တရားလိုအဖြစ် စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်က စွဲဆိုထားတာပါ။
ဒီအမှုကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးဖို့ တရားရုံးက ဆုံးဖြတ်ထားသလို တရား လိုပြသက်သေ အယောက် ၂၀ ကိုလည်း ဧပြီလ ၁၈ ရက်နေ့ အပြီး စစ်ဆေးမယ်လို့ ယခင် ရုံးချိန်းမှာ ပြုလုပ်တဲ့ တရားရုံးမှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးမှာ ဆုံးဖြတ်ထားပါတယ်။
အခု စွဲဆိုထားတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၃၀ - က ဟာ ငွေဒဏ်အပြင် အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ အားနည်းချက် အနည်းငယ်ရှိပေမယ့် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ ထုတ်ပြန်ပြောဆိုထားကြတာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ ဥပဒေပုဒ်မ - ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်း အမှု ၁၈ ခုနဲ့ တရားစွဲခံထားရတာပါ။ လောလောဆယ်မှာတော့ အဲဒီအမှုတွေထဲက အမှု ငါးမှုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်