သမ္မတဦးဝင်းမြင့် ကျန်းမာရေးမကောင်းလို့ ဆီးပိုက်တပ်ထားရ

RFA Burmese
2023.06.18
သမ္မတဦးဝင်းမြင့် ကျန်းမာရေးမကောင်းလို့ ဆီးပိုက်တပ်ထားရ ဦးဝင်းမြင့်ကို နေပြည်တော်ရှိ NLD ပါတီ ယာယီဌာနချုပ်မှာ ၂ဝ၂ဝ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

တောင်ငူအကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ ကျန်းမာရေးမကောင်းတာကြောင့် ဆီးပိုက်တပ်ထားရပြီး ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဦးဝင်းမြင့်နဲ့ နီးစပ်သူတွေနဲ့ တောင်ငူအကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

လုံခြုံရေးအရအမည်မဖော်လိုတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ နီးစပ်သူတစ်ဦးကလည်း ရောဂါအခြေအနေကို အတိအကျ မသိရသေးပေမယ့် ပြင်ပဆရာဝန်တစ်ယောက် ဆီးပိုက်လာတပ်ပေးတာတော့မှန်တယ်လို့ RFA ကိုပြောပါတယ်။

"ဘာရောဂါကြောင့်ဆိုတာတော့ မသိရပါဘူး။ သူ့ကိုထားတဲ့အခန်းမှာပဲ အပြင်ဆေးရုံတစ်ခုက ဆရာဝန်က လာတပ်ပေးသွားတယ်ဆိုတာပဲ သိရပါတယ်"

ဦးဝင်းမြင့်နဲ့နီးစပ်တဲ့ နောက်ထပ်တစ်ဦးကလည်း ဆီးပိုက်တပ်ထားရတာမှန်ကန်ပြီး ရောဂါတော့ သက်သာတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ အကျဉ်းဦးစီးဌာနပြောခွင့်ရသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

သမ္မတ ဦးဝင်းမြင့်ဟာ စစ်တပ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကတည်းက ဖမ်းဆီးခံရပြီး စစ်ကောင်စီကစွပ်စွဲခဲ့တဲ့ အမှုပေါင်းရှစ်မှုအတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Kyaw min
2023-06-18 12:50

Very good 👍👍👍