သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-03-29
အင်္ဂလိပ်ဘာသာကို ဒုတိယဘာသာစကား အဖြစ် သင်ပြရေးလုပ်ငန်းမှာ မြန်မာနိုင်ငံ ဟာ သွားရောက်လုပ်ကိုင်ဖို့ အကောင်းဆုံးနိုင်ငံဖြစ်တယ်လို့ TEFL ခေါ် ဗြိတိန်အခြေစိုက် နိုင်ငံတကာ အင်္ဂလိပ်ဘာသာ သင်ကြားရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။
2017-03-29
မြန်မာနိုင်ငံမှာ Myanmar Sat 1 အမည်ရှိ ဆက်သွယ်ရေးဂြိုဟ်တု အစီအစဉ် စ တင်တော့မယ်လို့ ပို့ဆောင်ရေးနဲ့ ဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ပြောပါတယ်။
2017-03-29
နေပြည်တော် စည်ပင်သာယာရေးကော် မတီပိုင်မြေတွေမှာ စိုက်ပျိုးလုပ်ကိုင်ခဲ့ တဲ့ တောင်သူ ၃၈၁ ဦးရဲ့ မြေ ဧက ၉၀၀ နီးပါးနဲ့ စိုက်ပျိုးသီးနှံတွေအတွက် နစ်နာမှုထောက်ပံ့ကြေးအဖြစ် ဒီနေ့ နေပြည်တော်မှာ ငွေကျပ်သိန်း ၉၄၀၀ ကျော် တောင် သူတွေကို ပေးအပ်ခဲ့ပါတယ်။
2017-03-29
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ အစိုးရတာဝန်ယူမှု တစ်နှစ်ပြည့် အထိမ်းအမှတ်နဲ့ အစိုးရပိုင်ရုပ်သံလိုင်းနဲ့ ရေဒီယိုက တဆင့် ပြည်သူလူထုကို မနက်ဖြန် မိန့်ခွန်း ပြောကြား မှာဖြစ်ပါတယ်။
2017-03-29
လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာထဲက မွန်ပြည်နယ် ချောင်းဆုံမြိုနယ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့က ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ နှစ် ရက်အလို ဒီနေ့မှာ အပြိုင်မဲဆွယ်စည်းရုံးနေကြပါတယ်။
2017-03-29
မဲရုံတွေ နေရာရွှေ့ပြောင်းထားတဲ့ ရှမ်းပြည် နယ်၊ မိုင်းရှူးမြို့နယ်ရဲ့ ကျေးရွာအုပ်စု (၃) ခုက မဲဆန္ဒရှင်တွေ အဆင်ပြေပြေ မဲပေးနိုင်ဖို့အတွက် သယ် ယူပို့ဆောင်ရေး စီစဉ်ပေးဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေ စီအဖွဲ့ချုပ် SNLD က ရွေးကောက်ပွဲကော်မရှင်ထံ မနေ့ က တောင်းဆိုလိုက်ပါတယ်။
2017-03-29
ကချင်ပြည်နယ်က တရားရုံးတွေမှာ တရားသူကြီးတွေကို လွန်ကဲတဲ့ အခွင့်အရေးတွေ ပေးထား တဲ့အတွက် အဂတိလိုက်စားမှုတွေရှိနေကြောင်း ပြည်နယ် လွှတ်တော်က ဖွဲ့စည်းထားတဲ့ အစိုးရရဲ့ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် တရားစီရင်ရေးဆိုင် ရာ ကော်မတီ က ဒီနေ့ ပြည်နယ် လွှတ်တော်ထံ တင်ပြခဲ့ ပါတယ်။
2017-03-29
ရခိုင်ပြည်နယ်မှာ အချိန် ၂ နှစ်ကြာ ရပ်နားထားခဲ့တဲ့ အစိုးရရဲ့ ပြည် တွင်းရေကြောင်း ခရီးစဉ်တွေ ပြန် လည်ပြေးဆွဲနိုင်ဖို့ ကစ္ဆပနဒီ(၁) လို့ အမည်ပေးထားတဲ့ လူးစီးသီးသန့် နှစ်ထပ် အမြန်ရေယာဉ် တစ်စီးကို ဂျပန်နိုင်ငံ က အစိုးရထံ စစ်တွေမြို့မှာ ဒီနေ့ ပေးအပ်လှူဒါန်းလိုက် ပါတယ်။
2017-03-29
ရန်ကုန်သြင်္ကန်လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ ဝင်အင်အား ၅ထောင်ကျော်နဲ့ လူမှုရေးအဖွဲ့ အစည်းတွေအပါအဝင် အင်အား ၈ ထောင်ကျော် အသုံးပြု သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြော ပါတယ်။
2017-03-29
ကယားပြည်နယ် ဘောလခဲမြို့နယ်နဲ့ ဖားဆောင်းမြို့နယ်တို့က တရားမဝင် သစ်ခိုးထုတ်မှုမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ဒီလအတွင်း သစ်တောအရာရှိ ၉ ဦးကို ရာထူးကနေ ထုတ်ပယ်လိုက် ပါတယ်။
2017-03-29
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIO ပါဝင်လက်မှတ်ရေးထိုးဖို့၊ ငြိမ်းချမ်းရေးလမ်းစဉ် ဆက်သွားနိုင်ဖို့ ကိစ္စတွေကို ကချင်အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ဒီနေ့ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က Palm Spring ဟိုတယ်မှာ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ပါတယ်။
2017-03-29
အစိုးရတပ်မတော် နဲ့ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တို့ဟာ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက် နေ့က ပလက်ဝမြို့အနီးက သမင်ရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး လက်ရှိမှာလည်း စစ်ရေးတင်းမာနေတယ်လို့ AA အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က ပြောပါတယ်။
2017-03-29
မြန်မာအစိုးရလေတပ်က ဝယ်ယူခဲ့တဲ့ ရုရှားနိုင်ငံလုပ် MIG-29 တိုက်လေယာဉ်ပျံ ၁ဝ စင်းကို မော်စကိုမြို့အနီးက စက်ရုံတွေ မှာ အဆင့်မြှင့်မွန်းမံတတ်ဆင်မှုတွေ ယခုလတ်တလော ပြု လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
2017-03-29
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီး ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင် ရွာမှာ မတ်လ ၂၄ နေ့က ဆန္ဒပြအရပ် သားတွေကို အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေက အင်အား သုံးဖြိုခွဲခဲ့မှုနဲ့ ပတ်သက်ပြီး စုံစမ်းအရေးယူဖို့ လန်ဒန်မြို့ အခြေစိုက် AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က မြန်မာအစိုးရကို မနေ့ကတောင်းဆိုလိုက်ပါတယ်။
2017-03-29
အမေရိကန်နိုင်ငံ အမျိုးသား အာကာသ နဲ့ လေကြောင်းသုတေသနဌာန NASA က ၂၀၁၇အတွက် အကောင်းဆုံးသုတေသနလို့ သတ်မှတ်တဲ့ဆုကို မြန်မာနိုင်ငံဖွား သိပ္ပံ ပညာရှင် ဒေါက်တာပဒေသာတင် ပါဝင်တဲ့အဖွဲ့က ရရှိခဲ့ပါတယ်။