အစိုးရတစ်နှစ်ပြည့် အထိမ်း အမှတ် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် မိန့်ခွန်းပြောမည်


2017.03.29
dassk-speech-620.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: RFA

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရတာဝန်ယူမှု တစ်နှစ်ပြည့် အထိမ်းအမှတ်နဲ့ အစိုးရပိုင်ရုပ်သံလိုင်းနဲ့ ရေဒီယိုကတဆင့် ပြည်သူလူထုကို မနက်ဖြန် မိန့်ခွန်း ပြောကြားမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို မနက်ဖြန် မတ်လ ၃၀ ရက်နေ့ည ၈ နာရီ သတင်းအပြီးမှာ မြန်မာ့အသံ နဲ့ ရုပ်မြင်သံကြား (MRTV) နဲ့ မြန်မာ့အသံရေဒီယိုအစီအစဉ်ကနေ ထုတ်လွှင်ပေးမှာ ဖြစ်တယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖွဲ့ တာဝန်ယူပြီးနောက် တစ်နှစ် အတွင်း ဆောင်ရွက်ချက်တွေကို ပြည်ထောင်စုအဆင့်ဝန်ကြီးတွေ အဖွဲ့အစည်းတွေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်တွေက ပြည်သူလူထုထံ ရှင်းလင်းပြောကြားတာတွေ နေ့စဉ်ထုတ်လွှင့်နေပါတယ်။

တစ်နှစ်အတွင်း ဆောင်ရွက်ချက်တွေကို စုစည်းပြီး ပြည်သူလူထုထံ ရှင်းလင်းတင်ပြဖို့ကိုလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြီးခဲ့တဲ့ဖေဖော်ဝါရီလလောက်ကစပြီး အစိုးရအဖွဲ့ အသီးသီးထံ ညွှန်ကြားထားတာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။