မိုးကြိုးပြင် ပစ်ခတ်မှု အရေးယူဖို့ အစိုးရကို AI တောင်းဆို


2017.03.29
lpt-protest-620.jpg လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန္ဒပြနေကြတဲ့ ဒေသခံတွေကို မေလ ၆ ရက်နေ့က တွေ့ရစဉ်
Photo: Phoe La Min

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ရွာမှာ မတ်လ ၂၄ နေ့က ဆန္ဒပြ အရပ်သားတွေကို အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံးဖြိုခွဲခဲ့မှုနဲ့ ပတ်သက်ပြီး စုံစမ်းအရေးယူဖို့ လန်ဒန်မြို့ အခြေစိုက် AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာအစိုးရကို မနေ့ကတောင်းဆိုလိုက်ပါတယ်။

အဲဒီ ကြေညာချက်မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ရာဘာကျည်ဆံတွေနဲ့ ပစ်ခတ်တဲ့အတွက် ရွာသား ၁ဝ ဦး အနည်းဆုံး ဒဏ်ရာရခဲ့ကြောင်းနဲ့ မိမိတို့ ရရှိခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတွေအရ ဆန္ဒပြအရပ်သားတွေဟာ အဲဒီအချိန်က လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အသက်ကို ရန်ရှာတိုက်ခိုက်နေခဲ့ခြင်း မရှိကြောင်း  ဖော်ပြထားပါတယ်။

နိုင်ငံတကာ ဥပဒေတွေအရ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အခုလိုအခြေအနေမျိုးမှာ အင်အားအသုံးပြု အရေးယူခြင်း မပြုမီ အကြမ်းမဖက်နည်းတွေကို တတ်နိုင်သမျအသုံးပြုရမှာ ဖြစ်တဲ့ အတွက် ဒီကိစ္စကို ဘက်မလိုက်ဘဲ လွတ်လပ် စွာ အမြန်ဆုံးစစ်ဆေး အရေးယူဖို့လိုကြောင်းနဲ့ ထိခိုက်နစ်နာခဲ့သူတွေကို ထိုက်သင့်သလို နစ်နာကြေးပေးရ မှာဖြစ်ကြောင်း စသဖြင့် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။