ဆက်သွယ်ရေးဂြိုဟ်တုသစ် သုံးစွဲနိုင်ရေး မြန်မာအစိုးရ စီစဉ်


2017.03.29
thantzinmaung-620.jpg ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ဝန်ကြီး ဦးသန့်စင်မောင် ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

မြန်မာနိုင်ငံမှာ Myanmar Sat 1 အမည်ရှိ ဆက်သွယ်ရေးဂြိုဟ်တု အစီအစဉ် စတင်တော့မယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ပြောပါတယ်။

အဲဒီအစီအစဉ်အရ အစိုးရဝန်ကြီးဌာနတွေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေအတွက် ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဈေးချိုချိုနဲ့ သုံးစွဲနိုင်အောင် စီစဉ်နေတယ်လို့ သိရပါတယ်။

နိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍကို အဆင့်မြှင့်ဖို့အတွက၊် ပြီးခဲ့တဲ့နှစ်မေလက မြန်မာအစိုးရနဲ့ Intelsat ကုမ္ပဏီ လီမိတက်တို့ ငါးနှစ်ကန်ထရိုက်စာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး၊ ဂြိုဟ်တုဆက်သွယ်ရေးအစီအစဉ် စတင်ခဲ့ ပါတယ်။

ဒါ့ပြင် ဒု-သမ္မတ ဦးဆောင်တဲ့ မြန်မာ့ ဂြိုဟ်တုဆက်သွယ်ရေးစနစ် ဦးဆောင်ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ နိုင်ငံရဲ့ ဂြိုဟ်တုဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်တွေ၊ မူဝါဒတွေ၊ စည်းမျဉ်းတွေ ရေးဆွဲချမှတ်တာ၊ လုပ်ငန်းတွေ ချထားပေးတာ၊ နိုင်ငံတကာ တယ်လီဆက်သွယ်ရေးသမဂ္ဂ TTU စတဲ့ ပြည်ပအဖွဲ့အစည်းတွေနဲ့ သဘောတူစာချုပ်တွေချုပ်ဆိုတာ စတာတွေကို ကော်မတီက ဆောင်ရွက်ရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။