မြန်မာ MIG တိုက်လေယာဉ်တွေကို ရုရှား အဆင့်မြှင့်တင်ပေး

2017.03.29
mig-29-620.jpg MIG-29 တိုက်လေယာဉ်တစ်စင်းကို တွေ့ရစဉ်
.

မြန်မာအစိုးရလေတပ်က ဝယ်ယူခဲ့တဲ့ ရုရှားနိုင်ငံလုပ် MIG-29 တိုက်လေယာဉ်ပျံ ၁ဝ စင်းကို မော်စကိုမြို့အနီးက စက်ရုံတွေမှာ အဆင့်မြှင့်မွန်းမံတတ်ဆင်မှုတွေ ယခုလတ်တလော ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

မလေးရှားမှာ အရင်အပတ်ကကျင်းပတဲ့ လေကြောင်းပြပွဲကို တက်ရောက်ခဲ့တဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့က အဲဒီ သတင်းကို ပြောကြားခဲ့တာဖြစ်ပြီး အလားတူ MIG- 29 တိုက်လေယာဉ်ပျံတွေ ဝယ်ယူထားတဲ့ မလေးရှားနဲ့ ဘင်္ဂ လားဒေ့ရှ် အစိုးရတွေကိုလည်းြ မန်မာ့တပ်မတော်နည်းတူ အဆင့်မြင့်မွန်းမံမှုတွေ ပြုလုပ်ဖို့ ရုရှားကကမ်းလှမ်း ခဲ့တယ်လို့ မနေ့ကရတဲ့သတင်းမှာ ဖေါ်ပြထားပါတယ်။

မြန်မာအစိုးရဟာ အဲဒီ MIG -29 တိုက်လေယာဉ်ပျံ ၁ဝ စင်းကို ၂ဝဝ၁ ခုနှစ်က ဝယ်ယူခဲ့ပြီး ၂ဝဝ၉ ခုနှစ်မှာ နောက် ထပ် ၁၆ စင်းဝယ်ယူခဲ့ပါတယ်။ ထပ်မံဝယ်ယူတဲ့ တိုက်လေယာဉ်တွေ ထဲက ၆ စင်းဟာ ပိုပြီးအဆင့်မြင့်တဲ့ MIG- 29SE အမျိုးအစားတွေဖြစ်ပါတယ်။ တပါတည်းဝယ်ယူခဲ့တဲ့ လေ့ကျင့်ရေးတိုက်လေယဉ် ၆ စင်းကိုပါ ထည့်သွင်းမယ် ဆိုရင် မြန်မာလေတပ်မှာ လက်ရှိအားဖြင့် MIG-၂၉ တိုက်လေယာဉ် ၃၂ စင်းရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။