သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-03-26
ဘာသာရေးအကြမ်းဖက်မှုတွေဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ထိခိုက်စေနိုင်ကြောင်း အစိုးရက သတင်းထုတ်ပြန် သတိပေးလိုက်ပါတယ်။
2013-03-26
မြန်မာနိုင်ငံမှာ အစိုးရအနေနဲ့ သတင်းထောက်တွေရဲ့ လုံခြုံရေးကို ဦးစားပေးအဆင့်မှာ ထည့်သွင်း ဆောင်ရွက် ဖို့ အရေးကြီးကြောင်း အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် CPJ ခေါ် သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက တိုက်တွန်းလိုက် ပါတယ်။
2013-03-25
မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုံးဝရပ်ဆိုင်းပေးရေး တောင်းဆို ကြတဲ့ ရာနဲ့ချီတဲ့ဒေသခံတွေဟာ ဒီကနေ့ မှာလည်း ဝမ်ပေါင်ကုမ္ပဏီရှေ့အထိ လမ်းလျှောက်ဆန္ဒပြ ခဲ့ကြပါတယ်။
2013-03-25
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာ ရပ်ကွက်မှာရှိတဲ့ ကျူးကျော်အိမ်တွေကို အခုမတ်လအတွင်း မြို့တော်စည်ပင်သာယာရေးကော်မတီက ဖယ်ရှားရှင်းလင်း ရာမှာ ပြန်လည်ဟန့်တားခဲ့တဲ့ ဒေသခံ ၁၂ ဦးကို တရားစွဲဆို ပြီး ဒီကနေ့ ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ ရုံးတင် စစ်ဆေးခဲ့ပါတယ်။
2013-03-25
မိတ္ထီလာမြို့မှာ ၃ရက်ကြာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင်နဲ့ ဗုဒ္ဓဘာသာဝင် ဒုက္ခသည်တွေကို နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးအသင်း အဖွဲ့တွေက မတ်လ ၂၅ရက် ဒီကနေ့မှာ ရောက်ရှိ လှူဒါန်းနေကြပါတယ်။
2013-03-25
ဂျပန်နိုင်ငံအခြေစိုက် အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Japan Platform အဖွဲ့က ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး စီမံကိန်းတွေအတွက် အကူအညီ အမေရိကန် ဒေါ်လာ ၁၁ သန်းပေးအပ်ပွဲကို ရန်ကုန်မြို့ ဂျပန်သံရုံးမှာကျင်းပခဲ့ပါတယ်။
2013-03-25
ရန်ကုန်တိုင်းဒေသကြီးအတွင်း စားသောက် ဆိုင်၊ မီနီမားကတ်စတဲ့ ဈေးဆိုင်တွေကို ဒီကနေ့ညကစပြီး ည ၉ နာရီ နောက်ဆုံးထားဖွင့်လှစ်ရမယ် လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီကနေ့မှာ အမိန့် ထုတ်ပြန်လိုက်ပါတယ်။
2013-03-25
ဒီအပတ် တနင်္ဂနွေ စကားဝိုင်းမှာ မိတ္ထီလာအရေးအခင်း ဖြစ်ပွားခဲ့ပုံနဲ့ နောက်ဆုံးအခြေအနေတွေကို နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
2013-03-24
မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦး မနေ့က တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။
2013-03-24
မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ မတ်လ ၂၄ ရက်နေ့ ညပိုင်းက နေအိမ်မီးရှို့ဖျက်ဆီးမှု တချို့ဖြစ်ပွားခဲ့ တယ်လို့ RFA က စုံစမ်းသိရပါတယ်။
2013-03-24
မိတ္ထီလာမြို့မှာ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာဝင်တွေ အကြားဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် ဒေသ ခံတွေ စိုးရိမ် ကြောက်ရွံ့နေကြပေမယ့် နှစ်ဖက် စလုံးမှာ အမုန်းတရားတွေ မတွေ့ရဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီယား Vijay Nambiar က ပြောကြားလိုက်ပါတယ်။
2013-03-24
ကိုးကွယ်ယုံကြည်သူအမျိုးမျိုး စုပေါင်းနေ ထိုင်နေကြတဲ့ မြန်မာနိုင်ငံမှာ ပြည်သူအား လုံး ချစ်ကြည်ငြိမ်းချမ်းစွာ နေထိုင်ကြဖို့၊ အစိုးရအနေနဲ့ လုံခြုံရေးကိစ္စ တိုးမြှင့်ဆောင်ရွက်ဖို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့က ဒီကနေ့ သဘောထားကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။
2013-03-24
မိတ္ထီလာမြို့မှာ သာမန်အရောင်းအ ဝယ် ပြဿနာတစ်ခုကနေ ကြီးမားတဲ့ အဓိကရုဏ်းဖြစ်ပွားခဲ့ရတာဟာ ပြင်ပပယောဂကြောင့် ဖြစ် တယ်လို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောကြား လိုက်ပါတယ်။
2013-03-24
မတ်လ ၂၃ ရက်နေ့ ည ၈ နာရီခန့်က ရမည်းသင်းမြို့အနီး ရွာတန်းရွာမှာ မီးရှို့ခံရတဲ့အတွက် အဲဒီရွာက ဗလီတစ်လုံး အပါအဝင် အိမ်ခြေ ၄၀ ကျော် မီးလောင်ကျွမ်းခဲ့တဲ့အပြင်၊ ဖျက်ဆီးခံရတဲ့ အိမ် ၇ လုံးရှိတယ်လို့ ရမည်းသင်းမြို့နယ် မီးသတ်တပ်ဖွဲ့က ဦးစီးအရာရှိ ဦးစိုးနိုင်က RFA ကို အခုလိုပြောပါတယ်။
2013-03-24
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပုံနှိပ်ဥပဒေမူကြမ်းကို လွှတ်တော်ကနေ ဆက်လက်အတည်ပြုပြဌာန်းနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ မနေ့က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။