မိတ္ထီလာ အဓိကရုဏ်း ပြင်ပ ပယောဂကြောင့်လို့ ဦးအောင်မင်း ပြောကြား
2013.03.24
မိတ္ထီလာမြို့မှာ သာမန်အရောင်းအဝယ် ပြဿနာတစ်ခုကနေ ကြီးမားတဲ့အဓိကရုဏ်း ဖြစ်ပွားခဲ့ရတာဟာ ပြင်ပပယောဂကြောင့်ဖြစ်တယ်လို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယားနဲ့အတူ မိတ္ထီလာမြို့ကို ရောက်ရှိလာတဲ့ ဝန်ကြီး ဦးအောင်မင်းက RFA ရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ ပြောဆိုခဲ့တာပါ။
အဓိကရုဏ်းဖြစ်ပွားစဉ် အကြမ်းဖက်ခဲ့ကြသူတွေဟာ ဒေသခံတွေမဟုတ်ဘဲ၊ မျက်နှာစိမ်းတွေဖြစ်တယ်လို့ ဒေသခံလူထုရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး ဝန်ကြီးဦးအောင်မင်းက ပြောကြားခဲ့ပါတယ်။
ဝန်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ဟာ မိတ္ထီလာမြို့က ဒုက္ခသည်စခန်း (၄) ခုကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။