သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-02-26
ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေကို သတ်ဖြတ်မှုအတွက် မြန်မာစစ်ဗိုလ်ချုပ်ကြီးတချို့ကို အရေးယူပိတ်ဆို့ဖို့နဲ့ လက်နက်ပစ္စည်း ရောင်းချမှု ကန့်သတ်ချက်တွေကို တင်းကြပ်ဖို့ အီးယူအဖွဲ့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေက ဒီနေ့ သဘောတူညီလိုက်ပါတယ်။
2018-02-26
ကချင်ပြည်နယ် ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့တွေအနေနဲ့ ထိုးစစ်တွေရပ်တန့်ပေးကြဖို့နဲ့ နိုင်ငံတကာ ဥပဒေအရ အရပ်သားများနဲ့ တိုက်ပွဲဝင်စစ်သည် မဟုတ်သူတွေကို ကာကွယ်စောင့်ရှောက်ရမည် ဆိုတဲ့ စည်းမျဉ်းကို မြန်မာနိုင်ငံအနေနဲ့ လိုက်နာဖို့ ကချင်ပြည်နယ်ကို အလည်အပတ်သွားရောက် ခဲ့တဲ့ EU ဥရောပနိုင်ငံများ သံအမတ်အဖွဲ့က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2018-02-26
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းက မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံနယ်စပ် လူမနေရ နယ်နိမိတ် Zero Line Area အတွင်းမှာ ရောက်ရှိနေကြတဲ့ ထောင်နဲ့ချီတဲ့ မွတ်စလင် လူဦးရေ ဝန်းကျင်ထဲက အတော်များများဟာ ဒီနေ့မနက်က စတင်ပြီး ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို ထွက်ခွာသွားတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ဒီနေ့ ပြောပါတယ်။
2018-02-26
ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပတဲ့ The Berlin Conference on Myanmar Genocide ညီလာခံ ဖိတ်ကြားမှု ပယ်ဖျက်ခံရတဲ့အခြေအနေနဲ့ ရခိုင်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ အခြေအနေတွေကို UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက် က ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2018-02-26
Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုထားတဲ့ ကိုကျော်မျိုးရွှေ ကို မမှန်ကန်တဲ့ သက်သေတင်သွင်းမှုနဲ့ အရေးယူနိုင်ဖို့ တရားရုံးထံ တင်ပြသွားမယ်လို့ ကိုဆွေဝင်းရဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့် က ဒီနေ့ ပြောပါတယ်။
2018-02-26
ဖေဖော်ဝါရီလ ၂၄ ရက်နေ့က မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေမှာ သစ်ခိုးထုတ်သူတွေနဲ့ မွန်ပြည်သစ်ပါတီအဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပေမယ့် ဘယ်အဖွဲ့အစည်းကဖြစ်တယ်ဆိုတာ စုံစမ်းလို့မရသေးဘူးလို့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ဝင်းလှက ဒီနေ့ ပြောပါတယ်။
2018-02-26
ပြည်ထောင်စုဝန်ကြီးတွေကို လုပ်အားနှစ်ဆတိုးပြီး ဆောင်ရွက်ကြဖို့နဲ့ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့တွေ အနေနဲ့ နည်းပညာ ဖြစ်စေ၊ ဘဏ္ဍာရေးနဲ့ တခြားလိုအပ်တဲ့ အရင်းအမြစ်တွေ ရရှိသုံးစွဲနိုင်အောင် စဉ်းစားပေးကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။
2018-02-26
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးအိုင်မှာ မနေ့ ညနေပိုင်းက လေပြင်းတိုက်လို့ လှိုင်းကြီးချိန်မှာ စက်လှေတိမ်းမှောက်တာကြောင့် လုံးစန်ရွာ အထက်တန်းကျောင်း (ခွဲ) က အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူ ၈ ဦး အပါအဝင် လူ ၉ ဦး သေဆုံးခဲ့ပါတယ်။
2018-02-26
ဦးဝီရသူကို အစိုးရအနေနဲ့ အရေးယူပေးဖို့ သံဃာတော်တွေ နှိုးဆော်ခြင်းဆိုတဲ့ သတင်းစာရှင်းလင်းပွဲကို မြန်မာဂျာနယ်လစ်ကွန်ရက် MJN ရုံးခန်းမှာ မနေ့က ကျင်းပဖို့ စီစဉ်ထားပြီးနောက် သတင်းစာရှင်းလင်းပွဲ ပျက်သွားပေမယ့် MJN ရုံးခန်းကို ဆက်လက်ငှားရမ်းခြင်း မပြုတော့ကြောင်းနဲ့ ဖယ်ရှားပေးဖို့ အိမ်ရှင်က တောင်းဆိုလာတယ်လို့ MJN ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကောင်းထက်စံ က ဒီနေ့ ပြောပါတယ်။
2018-02-26
လာမယ့် မတ်လအတွင်း ဖြေဆိုရမယ့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ကနေ ဝင်ရောက်ဖြေဆိုမယ့် ကမန်လူမျိုး ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ခုံနံပါတ်နဲ့ အမည်စာရင်းတွေကို ထုတ်ပြန်ရာမှာ ဘင်္ဂါလီလူမျိုးလို့ ဖော်ပြပြီး သီးသန့်ခွဲခြားဖြေဆိုဖို့ ပညာရေးဝန်ကြီးဌာနက ပြင်ဆင်ထားကြောင်း ကမန် တိုင်းရင်းသားလူမှုကွန်ရက်က ဒီနေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-02-26
အင်တာနက် လူမှုကွန်ရက်မှာသာမက နှုတ်နဲ့ တရားမဲ့ပြောဆိုတိုက်တွန်းနေတဲ့ ရဟန်း သာမဏေတွေကို မှတ်တမ်းတင်ထားတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို က ဒီနေ့ ပြောပါတယ်။
2018-02-26
အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက လွှတ်တော်ထံ တင်သွင်းထားတဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်းဟာ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် စတဲ့ အခွင့်အရေးတွေကို ထိခိုက်နေ တာကြောင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း နိုင်ငံရေးပါတီ ၂၁ ခုက မနေ့က ပူးတွဲကြေညာ ချက် ထုတ်ပြန်လိုက်ပါတယ်။
2018-02-26
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ် ပွားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်တွေမြို့ခံ ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ မိသားစုဝင်တွေက ဒီနေ့ ပြောပါတယ်။
2018-02-26
လစ်လပ်နေတဲ့ မကွေးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦးနေရာအတွက် အဆိုပြုခံထား ရသူ နှစ်ဦးစာရင်းကို တိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။
2018-02-26
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေထဲမှာ အစိုးရနဲ့ အပစ်ရပ် လက်မှတ်ရေးထိုးလိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ရှိပေမယ့် UNFC ကနေ နုတ်ထွက်ခြင်းမရှိဘဲ ဆက်ရှိနေမှာဖြစ်သလို NCA လမ်းကြောင်းအတိုင်း ဆက်လက်ကြိုးပမ်းသွားမယ်လို့ ထိုင်းနိုင်ငံမှာ သုံးရက်ကြာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။