ညီလာခံဖိတ်ကြားမှု ပယ်ဖျက်ခံရမှုနဲ့ ရခိုင်အရေးကိစ္စ ရှင်းလင်း


2018.02.26
uehrd-press-622.jpg The Berlin Conference on Myanmar Genocide ညီလာခံ ဖိတ်ကြားမှု ပယ်ဖျက်ခံရမှုနဲ့ ရခိုင်အရေးကိစ္စ ရှင်းလင်းပွဲကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကပြုလုပ်ခဲ့စဉ်
Photo: Thant Zin Oo/RFA

ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပတဲ့ The Berlin Conference on Myanmar Genocide ညီလာခံ ဖိတ်ကြားမှု ပယ်ဖျက်ခံရတဲ့အခြေအနေနဲ့ ရခိုင်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ အခြေအနေတွေကို UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက် က ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

ရန်ကုန်မြို့ဒဂုံမြို့နယ် သံတမန်လမ်းက မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး (အရင်နိုင်ငံခြားရေးဝန်ကြီးရုံး)မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

အဲဒီညီလာခံကို တက်ရောက်ဖို့ မြန်မာနိုင်ငံဘက်က ဖိတ်ကြားခံရသူတွေ တစ်ဦးချင်းစီရဲ့ ဗီဇာ၊ လေယာဉ် လက်မှတ်တွေနဲ့ တက်ရောက်ခွင့် မှတ်ပုံတင်တာတွေကို ဖေဖော်ဝါရီလ ၂၂ရက်နေ့က အတည်ပြုချက် ရရှိခဲ့ပေမယ့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ပွဲစီစဉ်သူတွေက အီးမေးလ်က တဆင့် ခရီးစဉ်ကို ပယ်ဖျက်ကြောင်း အသိပေး အကြောင်းကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ Strategies for Peace, Harmony and Development က အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်၊ ဒေါက်တာ ထွန်းသူရသက်၊ ဒေါ်ပြုံးကေသီနိုင်၊ ဦးညီငြိမ်းအေး တို့အပါအဝင် တာဝန်ရှိသူတွေက ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

ရှင်းလင်းပွဲကို UEHRD အဖွဲ့ဝင်တွေနဲ့ သံတမန်တွေ ပြည်တွင်း/ပြည်ပ သတင်းမီဒီယာတွေ တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။