မြန်မာစစ်ဗိုလ်ချုပ်တချို့ကို အရေးယူပိတ်ဆို့ဖို့ EU နိုင်ငံခြားရေး ဝန်ကြီးများ ထောက်ခံ


2018.02.26
army-leaders-622.jpg နေပြည်တော်မှာ ၂ဝ၁၆ ခုနှစ်ကကျင်းပတဲ့ တပ်မတော်နေ့ကို တက်ရောက်လာတဲ့ စစ်တပ်အရာရှိတချို့ကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေကို သတ်ဖြတ်မှုအတွက် မြန်မာစစ်ဗိုလ်ချုပ်ကြီးတချို့ကို အရေးယူ ပိတ်ဆို့ဖို့နဲ့ လက်နက်ပစ္စည်း ရောင်းချမှု ကန့်သတ်ချက်တွေကို တင်းကြပ်ဖို့ အီးယူအဖွဲ့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေက ဒီနေ့ သဘောတူညီလိုက်ပါတယ်။


ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲစ်မြို့မှာ စည်းဝေးပွဲကျင်းပပြီးနောက် ထုတ်ပြန်တဲ့ ကြေညာချက်မှာ လူအခွင့်အရေး ချိုးဖေါက်မှု ကျူးလွန်ခဲ့ကြတဲ့ မြန်မာစစ်ဗိုလ်ချုပ်တချို့ကို အမြန်ဆုံး ပိတ်ဆို့အရေးယူသွားဖို့ တိုက်တွန်းကြောင်း ဖေါ်ပြထားပါတယ်။

လောလောဆယ်မှာ အရေးယူမယ့် စစ်အရာရှိကြီးတွေရဲ့ နာမည်စာရင်းကို မသိရသေးဘူးလို့ ဥရောပသမဂ္ဂသံတမန် ၂ ယောက်က ပြောပါတယ်။

ဥရောပသမဂ္ဂဝန်ကြီးတွေဟာ မြန်မာစစ်ဗိုလ်ချုပ်တွေကို ကန့်သတ်ပိတ်ဆို့ရေးဆောင်ရွက်ဖို့ ဥရောပသမဂ္ဂရဲ့ နိုင်ငံတကာနဲ့ လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် ဖက်ဒရီကာ- မိုဂေရီနီကို တောင်းဆိုထားတယ်လို့ ဆိုပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။